International: ဗြိတိန်မှာ တစ်နာရီလျှင် ၁၂၉ မိုင်နှုန်းအထိ လေပြင်းတိုက်များ တိုက်ခတ်

နယူးကာဆယ်မြို့လယ်ရှိ လမ်းတစ်လမ်းမှာ လေတိုက်ခတ်မှု အပျက်အစီးများကြောင့် ပိတ်ထားခဲ့ရပါတယ်။

play


ဗြိတိန်နိုင်ငံမှာ တစ်နာရီလျှင် ၁၂၉ မိုင်နှုန်းအထိ ပြင်းထန်တဲ့ လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ခရီးသွားလာမှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗြိတိန်မှာ လေပြင်းတိုက်ခတ်မှု


ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်ထောင်နဲ့ချီပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး အီဒင်ဘတ်အနီး Forth Bridge တံတားပေါ်မှာ ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ တံတားဖြတ်သန်းခွင့် ပိတ်ခဲ့ရပါတယ်။

play


နော့သ်သမ်ဘာလန်းမှာ သစ်ပင်နဲ့ နံရံများ ပြိုကျမှုဖြစ်ခဲ့ပြီး နယူးကာဆယ်မြို့လယ်ရှိ လမ်းတစ်လမ်းမှာ လေတိုက်ခတ်မှု အပျက်အစီးများကြောင့် ပိတ်ထားခဲ့ရပါတယ်။ တောင်တန်းဒေသဖြစ်တဲ့ CairnGorm မှာ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၂၉ မိုင်အထိ ရောက်ရှိခဲ့ပြီး တောင်ပိုင်းယော့ခ်ရှိုင်းယားရှိ Hihg Bradfield မှာ တစ်နာရီလျှင် ၉၃ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ပါတယ်။

play


လီဗာပူးမြို့အနီး မာဆေးမြစ်အတွင်းမှာလည်း လှိုင်းထန်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၀ ရက် ညလုံးပေါက် လေပြင်းများတိုက်ခတ်ခဲ့ပြီး နော့သ်အိစ်နဲ့ စကော့တလန်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ခဲ့ပါတယ်။

ဒါဟမ်၊ ဆန်းဒါးလန်း၊ ဂိတ်စ်ဟတ်နဲ့ နော့သ်သမ်ဘာလန်းတို့မှာ လေပြင်းတိုက်ခတ်မှုကြေင့် နေအိမ် ၂,၃၀၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ