အစီရင်ခံစာကို နှစ်စဉ် နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူဦးရေ ၁,၀၀၀ ကျော်ကို မေးမြန်းပြုစုခဲ့ပါတယ်။


ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ နော်ဝေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံး နေရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ နော်ဝေးနဲ့အိမ်နီးချင်း ဒိန်းမတ်နိုင်ငံက ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာ (World Happiness Report) က နိုင်ငံလိုက် နေထိုင်ကြတဲ့ ပြည်သူတွေ ဘယ်လိုပျော်ရွှင်နေကြပြီး ဘာကြောင့် ပျော်ရွှင်နေကြခြင်းကို နှိုင်းယှဉ်ပြုစုခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါစာရင်းရဲ့ ထိပ်ဆုံး ၅ နိုင်ငံမှာ ဒိန်းမတ်၊ အိုက်စလန်း၊ ဆွစ်ဇာလန်နဲ့ ဖင်လန်တို့က နော်ဝေးရဲ့အနောက်မှာ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံစာရင်းရဲ့ အောက်ဆုံးအဆင့်မှာတော့ ဗဟိုအာဖရိကသမ္မတနိုင်ငံက ရပ်တည်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အနောက်ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတွေက ပျော်ရွှင်စရာအကောင်းဆုံး နိုင်ငံများစာရင်းမှာ ထိပ်ဆုံးနေရာတွေကနေ ရပ်တည်ခဲ့ပါတယ်။ အမေရိကန်က အဆင့် ၁၄ နဲ့ ဗြိတိန်က အဆင့် ၁၉ ဖြစ်ကြောင်း သိရပါတယ်။



ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံတွေကတော့ စာရင်းရဲ့အောက်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ နိုင်ငံအလိုက် အဆင့် ၁၅၅ ခုအနက် ဆီးရီးယားနိုင်ငံက အဆင့် ၁၅၂၊ ယီမင်က ၁၄၆ နဲ့ တောင်ဆူဒန်က ၁၄၇ တို့မှာ ရပ်တည်နေပါတယ်။

World Happiness Report ကို မတ်လ ၂၀ ရက်မှာ ကျရောက်တဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ (International Day of Happiness) မှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို နှစ်စဉ် နိုင်ငံပေါင်း ၁၅၀ ကျော်မှ လူဦးရေ ၁,၀၀၀ ကျော်ကို မေးမြန်းပြုစုခဲ့ကြောင်း သိရပါတယ်။

ပျော်ရွှင်စရာအကောင်းဆုံး ၁၀ နိုင်ငံ

၁။ နော်ဝေး

၂။ ဒိန်းမတ်

၃။ အိုက်စလန်

၄။ ဆွစ်ဇာလန်

၅။ ဖင်လန်

၆။ နယ်သာလန်

၇။ ကနေဒါ

၈။ နယူးဇီလန်

၉။ သြစတြေးလျ

၁၀။ ဆွီဒင်

စိတ်ညစ်ဝမ်းနည်းစရာအကောင်းဆုံး ၁၀ နိုင်ငံ

၁၅၅။ ဗဟိုအာဖရိကသမ္မတနိုင်ငံ

၁၅၄။ ဘူရွန်ဒီ

၁၅၃။ တန်ဇန်းနီးယား

၁၅၂။ ဆီးရီးယား

၁၅၁။ ရဝမ်ဒါ

၁၅၀။ တိုဂို

၁၄၉။ ဂီနီ

၁၄၈။ လိုက်ဘီးရီးယား

၁၄၇။ တောင်ဆူဒန်

၁၄၆။ ယီမင်

Source & Photo: BBC

Share

Loading Next Article...
က္က