ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကိုယ်ဝန် ၇ လရှိပြီ ဖြစ်ပါတယ်။



တူရကီလေကြောင်းလိုင်း (Turkish Airlines) မှ ခရီးသည်လေယာဉ်တစ်စင်းဟာ လေကြောင်းခရီးစဉ် ပျံသန်းနေစဉ်အတွင်း လေထုထဲမှာပင် ခရီးသည်တစ်ဦး ထပ်မံ တိုးလာခဲ့ပါတယ်။ တူရကီလေကြောင်းလိုင်းရဲ့ Boeing 737 ခရီးသည်တင်လေယာဉ်ဟာ ဧပြီ ၇ ရက်က ဂီနီမှ ဘူကီနာဖာဆိုသို့ ပျံသန်းနေစဉ်အတွင်း လေထုအတွင်း အမြင့်ပေ ၄၂,၀၀၀ မှာ ခရီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးက မိန်ကလေးတစ်ဦး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။



လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အသက် ၂၈ နှစ်အရွယ်  နာဖီဒိုင်ဘီဟာ ကိုယ်ဝန် ၇ လရှိပြီ ဖြစ်ပါတယ်။ သူမဟာ လေယာဉ်ပျံသန်းနေစဉ်အတွင်း ဗိုက်နာလာခဲ့ပြီးနောက် လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်အချို့ရဲ့ အကူအညီဖြင့် အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။ နာဖီက သူမရဲ့ သမီးလေးကို ကာဒီဂျူးလို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။


မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ကြောင်း တူရကီလေကြောင်းလိုင်းက ပြောပါတယ်။ တူရကီလေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်ဟာ ဘူကီနာဖာဆိုမှာ ဆင်းသက်ခဲ့ပြီးနောက် သားအမိနှစ်ဦးကို တာဝန်ရှိသူတွေက ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။


"လေယာဉ်အမှုထမ်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမီး ခရီးသည် ဗိုက်နာနေတာကို သတိထားမိခဲ့ကြတယ်၊ နောက်တော့ သူတို့နဲ့ ခရီးသည်တချို့ အကူအညီနဲ့ပဲ လေယာဉ်ပေါ်မှာတင် ကလေးမွေးဖွားနိုင်ခဲ့ပါတယ်" လို့ တူရကီလေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေယာဉ်ပေါ်မှာပင် ကလေးမွေးဖွားခဲ့ပြီးနောက် လေယာဉ်မယ်တွေက မွေးကင်းစကလေးငယ်ကို ပွေ့ချီထားပုံတွေကို တူရကီလေကြောင်းလိုင်းက တွစ်တာမှာ လွှင့်တင်ခဲ့တာ တွေ့ရပါတယ်။

[No available link text]

Source & Photo: CNA, Turkish Airlines

Share

Loading Next Article...
က္က