ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးပြုမှုဆိုင်ရာ သတိပေးချက်တွေကို ပိုမိုဖော်ပြသင့်ကြောင်း တရားရုံးက မှတ်ချက်ပြုပါတယ်။

ရစ်ချတ်နဲ့ ၎င်းရဲ့ဇနီး



လန်ဒန်အနောက်ပိုင်း Ealing မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ iPhone ကို ဘက်ထရီအားသွင်းနေစဉ် ရေချိုးကန်အတွင်း အသုံးပြုခဲ့ရာက ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ရစ်ချတ်ဘူးလ်ကို ၎င်းရဲ့ဇနီးက ရေချိုးကန်အတွင်း ရင်ဘတ်နဲ့ လက်တို့မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေတာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ဆေးမှုတွေအရ ရစ်ချတ်ဟာ ရေချိုးကန်အတွင်းရှိနေစဉ် iPhone ကို အားသွင်းပြီး ရင်ဘတ်ပေါ်တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုနောက် iPhone ကို ရေထိမိရာမှတစ်ဆင့် ရေချိုးကန်အတွင်း ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ကောက်ချက်ချထားပါတယ်။ ရစ်ချတ်ဟာ ယမန်နှစ် ဒီဇင်ဘာ ၁၁ ရက်က သေဆုံးခဲ့တာဖြစ်ပြီး တရားရုံးက ၎င်း သေဆုံးမှုကို မတော်တဆဖြစ်ရပ်ကြောင့် သေဆုံးကြောင်း သတ်မှတ်ခဲ့ပါတယ်။



ရစ်ချတ် သေဆုံးရမှုဟာ ရေချိုးခန်းအတွင်း ဆံပင်အခြောက်ခံစက် အသုံးပြုခြင်းကဲ့သို့ လျှပ်စစ်ပစ္စည်း မတော်တဆမှုကြောင့် သေဆုံးခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးပြုမှုဆိုင်ရာ သတိပေးချက်တွေကို ပိုမိုဖော်ပြသင့်ကြောင်း တရားရုံးက မှတ်ချက်ပြုပါတယ်။

ရစ်ချတ်ရဲ့ မိခင်က "ကျွန်မ အခြားလူတွေမှာလည်း ဒီလို မတော်တဆဖြစ်မှာ စိုးရိမ်မိပါတယ်၊ အထူးသဖြင့် သူတို့ရဲ့ဖုန်းနဲ့ မခွာနိုင်ဖြစ်နေတဲ့ ဆယ်ကျော်သက်တွေအတွက်ပါ၊ ဒီလို အန္တရာယ်ဖြစ်နိုင်တာကို မသိကြမှာစိုးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Source & Photo: The Sun

Share

Loading Next Article...
က္က