Photo Gallery: အမေရိကန်သမ္မတရွေးကောက်ပွဲအကြို မြင်ကွင်းအချို့

ယခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရသူဟာ အမေရိကန်နိုင်ငံရဲ့ ၄၅ ဆက်မြောက် သမ္မတဖြစ်လာမှာပါ။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၇ ရက် မြင်ကွင်းအချို့ကို စုစည်းဖော်ပြထားပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်အုပ်စုတွေက တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကြောင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားပြီး မဲပေးမှုစနစ်တွေကို တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ရှင်းလင်းပြသခဲ့ပါတယ်။

ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်တို့ ယှဉ်ပြိုင်ရွေးချယ်ခံမှာမှာပါ။

ဟီလာရီကလင်တန်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး ဒေါ်နယ်ထရန့်ကတော့ ဘီလျံနာ လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ ယခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရသူဟာ အမေရိကန်နိုင်ငံရဲ့ ၄၅ ဆက်မြောက် သမ္မတဖြစ်လာမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

ကြည့်ရှုသူ အများဆုံး

Social Stream