News: Jacob's Creek ရဲ့ Chardonnay ဝိုင်နဲ့ လိုက်ဖက်တဲ့ ဗီယက်နမ်ပုဇွန်သုပ်ကို ကိုယ်တိုင် လုပ်မယ်

, updated

ဒီဝိုင်နဲ့လိုက်ဖက်တဲ့အစားအစာတွေ အတော်များများရှိတဲ့အထဲကမှ အလိုက်ဖက်ဆုံးအစားအစာတစ်မျိုးဖြစ်တဲ့ ဗီယက်နမ်ပုဇွန်သုပ်လုပ်နည်းကို ဖော်ပြပေး ချင်ပါတယ်။

 

play

 

ဝက်သစ်ချနံ့ရောတဲ့ မက်မွန်သီး၊ သခွားမာသီးတို့ရဲ့ချောမွေ့တဲ့အရသာနဲ့ Jacob's Creek ရဲ့ Chardonnay ဝိုင်ဟာ နူးညံ့ချောမွေ့တဲ့အရသာနှစ်သက်သူတွေအတွက် အရွေးမမှားနိုင်တဲ့ဝိုင်တစ်မျိုးပါ။ ဒီဝိုင်နဲ့လိုက်ဖက်တဲ့အစားအစာတွေ အတော်များများရှိတဲ့အထဲကမှ အလိုက်ဖက်ဆုံးအစားအစာတစ်မျိုးဖြစ်တဲ့ ဗီယက်နမ်ပုဇွန်သုပ်လုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေပဲ - ၁၂၅ ဂရမ်

အခွံနွှာပြီးစိတ်ထားသည့်သရက်သီး (ဝမ်းပျဉ်း) - ၂ လုံး

ပူဒီနာ၊ပင်စိမ်းစသည့် ဟင်းခတ်အမွှေးအကြိုင်အရွက် - လက်တစ်ဆုပ်စာ

ဟင်းသီးဟင်းရွက် - စားပွဲတင်ဇွန်း ၂ ဇွန်း

ပါးပါးလှီးထားတဲ့ကြက်သွန်နီ - ၃ ဥ

အခွံနွှာပြီးလှီးထားတဲ့ ဂျင်း - လက်တစ်ဆစ်

ပုဇွန်ထုပ်အစိမ်း (အမြီးချန်ပြီးအခွံချွတ်) - ၄၅၀ ဂရမ်

သံပရာသီး - ၂ လုံး (အရည်ညှစ်ပြီး)

 

 ပြုလုပ်နည်း

လက်ကိုင်ဒယ်ထဲရေထည့်ပြီး ပွက်အောင်တည်ပါ။ ရွှေပဲထည့်ပြီး ၁ မိနစ်ခန့်ပြုတ်ပါ။ ရေသွန်ပြီး ရေအေးထည့်ပြီး စိမ်ပါ။ ပြီးရင်ရေအေးကိုလည်း သွန်ပါ။

ရွှေပဲကို တစ်လက်မအရွယ်လောက်စီလှီးပြီး အသုပ်နယ်မယ့်ပန်းကန်ထဲထည့်ပါ။ သရက်သီးထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်ရွက်တွေကို အပေါ်ကဖြူးဖို့နည်းနည်းချန်ပြီး ကျန်တာအားလုံးထည့်ပါ။ ပန်းကန်ထဲမှာပဲ နယ်ထားပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ကို သီးခြားခနဖယ်ထားပါ။

ဒယ်အိုးစောက်ကို မီးအရမ်းမပူ၊ အရမ်းမအေးတဲ့အနေလောက်နဲ့ အပူပေးပါ။

ဆီ၊ကြက်သွန်နီ နဲ့ ဂျင်းတို့ကိုထည့်ပြီး ၃ မိနစ်လောက် ဆီသပ်ပါ။ ပြီးရင် ပုဇွန်ထည့်ပြီး ၂ မိနစ်လောက်ကျော်ပါ။ ဒါမှမဟုတ် ကျက်တဲ့အထိကျော်ပါ။ သံပရာရည်စမ်းပြီး မွှေပေးပါ။ ပြီးမှ ဆားနဲ့ ငရုတ်ကောင်းအနေတော်လောက်ဖြူးပြီး မွှေပါ။

အဲဒီနောက် ချက်ထားတဲ့ပုဇွန်ကို အခြားပါဝင်ပစ္စည်းတွေထည့်နယ်ထားတဲ့ ပန်းကန်ထဲကိုထည့်ပါ။ ပုဇွန်ကျော်ထားတဲ့ ဆီအနှစ်ကိုအပေါ်ကထပ်ဆမ်းပြီး သမအောင်နယ်ပါ။ ပြီးပြီဆိုရင် ထည့်စားမယ့်ပုဂံထဲကိုပြောင်းထည့်နိုင်ပါပြီ။

ဒါဆိုရင်တော့ Chardonnay ဝိုင်နဲ့မြည်းဖို့ ဗီယက်နမ်ပုဇွန်သုပ်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ