News: ကမ္ဘာတဝမ်း လူကြိုက်များတဲ့ Jacob's Creek ရဲ့ မားလော့စပျစ်ဝိုင်အကြောင်း သိထားသင့်သမျှ

စပျစ်ဝိုင်တစ်မျိုးဖြစ်တဲ့ မားလော့စပျစ်ဝိုင်ဟာ ကမ္ဘာတဝမ်းမှာ လူကြိုက်များလှတဲ့ ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို လူကြိုက်များတဲ့ မားလော့စပျစ်ဝိုင်တွေထဲမှာ Jacob's Creek ရဲ့မားလော့စပျစ်ဝိုင် လည်းပါပါတယ်။

play

 

စပျစ်ဝိုင်တစ်မျိုးဖြစ်တဲ့ မားလော့စပျစ်ဝိုင်ဟာ ကမ္ဘာတဝမ်းမှာ လူကြိုက်များလှတဲ့ ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒီလို လူကြိုက်များတဲ့ မားလော့စပျစ်ဝိုင်တွေထဲမှာ Jacob's Creek ရဲ့မားလော့စပျစ်ဝိုင်လည်းပါပါတယ်။

မားလော့စပျစ်ဝိုင်တွေဟာ လူတွေတသသနဲ့ ပြောဆိုနေတတ်တဲ့ဝိုင်အမျိုးအစားမျိုး မဟုတ်ပေမယ့် ညစာစားဝိုင်း အများစုမှာ နေရာယူထားလေ့ရှိတဲ့ဝိုင်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အကြောင်း စိတ်ဝင်စားတဲ့သူတွေအတွက် မားလော့စပျစ်ဝိုင်နဲ့ပတ်သက်တဲ့အချက်တွေကို ဝေမျှပေးချင်ပါတယ်။

(၁) မားလော့ဆိုတာ ဘာအဓိပ္ပါယ်လဲ

ငှက်နက်လို့အဓိပ္ပါယ်ရတဲ့ ပြင်သစ်စကားလုံး Merle ကိုယူကာ မားလော့လို့အမည်တွင်လာခြင်း ဖြစ်မယ်လို့ ယူဆကြပါတယ်။ သူ့ရဲ့နက်မှောင်တဲ့အပြာရောင်ကို အစွဲပြုကာ ဒီလိုခေါ်တွင်ဖြစ်တယ်လို့ ဆိုကြပါတယ်။

(၂) ဘယ်အချိန်မှာ စတင်ပြီးလူကြိုက်များလာတာလဲ

၁၉၉၀ လွန်နှစ်တွေမှာပါ။ အဲဒီအချိန်ကာလဟာ ဝိုင်ကိုနှစ်သက်တဲ့သူတွေတိုးပွားလာတဲ့အချိန်လည်းဖြစ်ပြီး အများစုသောက်သုံးနိုင်တဲ့ ဝိုင်နီတွေ အများပြည်သူအကြားပိုမိုရေပန်းစားလာတဲ့အချိန်လည်း ဖြစ်ပါတယ်။

(၃) အဓိကအားသာချက်ကဘာလဲ

မားလော့ဝိုင်ရဲ့ အဓိကအားသာချက်ကတော့ အခြေအနေအမျိုးအမျိုး၊ အစားအသောက်အမျိုးမျိုးနဲ့ တွဲဖက်သောက်သုံးနိုင် တာပဲဖြစ်ပါတယ်။ မားလော့ဝိုင်တွေရဲ့အရသာဟာ စူးရှပြင်းထန်ခြင်းမရှိဘဲ နူးညံ့ပြီး သစ်သီးအရသာဘက်ကဲတာကြောင့် အဝင်ကောင်းပြီး သောက်ရလွယ်တာဟာလည်း လူကြိုက်များရခြင်း အကြောင်းတစ်ချက်ပါပဲ။

(၄) ဘယ်လိုစပျစ်သီးတွေကနေ လုပ်ထားတာလဲ

မားလော့စပျစ်ဝိုင်ကို အရွယ်အစားကြီးမားအောင် စီမံစိုက်ပျိုးထားတဲ့ စပျစ်သီးတွေကနေ ဖောက်ထားတာဖြစ်ပါတယ်။ အဲဒီလိုစီမံထားတဲ့စပျစ်သီးတွေဟာ စောလျင်စွာမှည့်ပြီး ရှေးတုန်းကတော့ အက်ဆစ်ဓါတ်ကို ထိန်းသိမ်းထားနိုင်ဖို့ ပြင်းအား အလယ်အလတ်လောက်ဖြစ်ဖို့ ယင်းစပျစ်သီးတွေကို သိပ်မမှည့်ခင်မှာပဲ ခူးလေ့ရှိပါတယ်။ ဒါပေမဲ့ နှစ်တွေကြာလာပြီးတဲ့ နောက်မှာတော့ အယ်လ်ကိုဟောပါဝင်မှုနှုန်းမြင့်မားအောင်နဲ့ သစ်သီးအရသာနဲ့အရောင်ပိုမိုပေါ်လွင်အောင် အနည်းငယ် အမှည့်ခံထားပြီးမှ ခူးတဲ့နည်းလမ်းကို ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။

(၅) မားလော့ဝိုင်တွေအားလုံးအတူတူပဲလား။

ဝိုင်ဖောက်ပုံနည်းလမ်းတွေပေါ်မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်။ မားလော့ဝိုင်တွေကို မြေတိုက်ခန်းထဲမှာဖောက်တဲ့ အချိန်မှာ ဝိုင်ပြုလုပ်သူတွေက ဂရုတစိုက်စီမံပြီး လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါကြောင့် မားလော့ဝိုင်တွေဟာ အစားအသောက်အမျိုးစုံနဲ့လိုက်ဖက်တယ်ဆိုပေမယ့် ကိုယ့်လက်ထဲက မားလော့ဝိုင်အမျိုးအစားက ဘယ်လိုအမျိုးအစားလည်းဆိုတာ ကြည့်ရှုကာလိုအပ်ရင် မေးခွန်းအချို့မေးပြီးမှ လိုက်ဖက်တဲ့အစားအသောက်မျိုးကို မှာတာကပိုမိုကောင်းမွန်တဲ့ အရသာမျိုးရရှိစေနိုင်မှာ ဖြစ်ပါတယ်။

play

 

Jacob's Creek မားလော့ကတော့ အလယ်အလတ်ဝိုင်မျိုးဖြစ်ပြီး နူးညံ့တဲ့အရသာမျိုးရှိပါတယ်။ မွှေးကြိုင်တဲ့အနံ့ကို ထင်ထင်ရှားရှားရရှိမှာ ဖြစ်ပေမယ့် အရသာကတော့ အလွန်အမင်းစူးရှခြင်းမျိုးမရှိဘဲ သစ်သီးမှည့်အရသာကို ခံစားရမှာပဲ ဖြစ်ပါတယ်။ Jacob's Creek မားလော့နဲ့ လိုက်ဖက်တဲ့အစားအသောက်တစ်မျိုးကို တစ်ခါတည်းလမ်းညွှန်ရမယ်ဆိုရင်တော့ Ragu ဟင်းရည်အနှစ်နဲ့ နယ်ထားတဲ့ အီတလီခေါက်ဆွဲပြားကို ညွှန်းချင်ပါတယ်။ Jacob's Creek မားလော့ဝိုင်နဲ့ အီတလီခေါက်ဆွဲပြားကိုတွဲဖက်သုံးဆောင်မယ်ဆိုရင် ခေါက်ဆွဲရဲ့အရသာဟာ ပိုမိုပေါ်လွင်ကောင်းမွန်လာတာကို ခံစားကြရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ