News: Jacob's Creek စပျစ်ဝိုင်နီနဲ့လိုက်ဖက်လှတဲ့ အီတလီမုန့် တီရာမိဆု ကို အိမ်မှာကိုယ်တိုင်လုပ်ကြမယ်

ရှီရက်ဇ်စပျစ်ဝိုင်နီနဲ့လိုက်ဖက်လှတဲ့ တီရာမိဆုလို့ခေါ်တဲ့ အီတလီမုန့်အချိုပွဲကို အိမ်မှာကိုယ်တိုင်လုပ်နိုင်အောင် ဖော်ပြပေးချင်ပါတယ်။

play

 

စပျစ်ဝိုင်တွေအမျိုးမျိုးရှိတဲ့ထဲမှာ ရှီရက်ဇ်စပျစ်မျိုးကနေလုပ်တဲ့ Jacob's Creek ရှီရက်ဇ်စပျစ်ဝိုင်နီဟာလည်း လူကြိုက်များတဲ့ စပျစ်ဝိုင်တစ်မျိုးဖြစ်တာကြောင့် သင့်အိမ်မှာဆောင်ထားမယ်ဆိုရင် သင့်အိမ်လာတဲ့ဧည့်သည်တွေက အကြိုက်တွေ့ကြမှာပါ။ ဒါပေမဲ့ ရှီရက်ဇ်စပျစ်ဝိုင်နီတစ်မျိုးတည်းနဲ့ဧည့်ခံမယ်ဆိုရင်တော့ သိပ်ပြည့်စုံဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှီရက်ဇ်စပျစ်ဝိုင်နီနဲ့လိုက်ဖက်လှတဲ့ တီရာမိဆုလို့ခေါ်တဲ့ အီတလီမုန့်အချိုပွဲကို အိမ်မှာကိုယ်တိုင်လုပ်နိုင်အောင် ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

လက်ချောင်းပုံဘီစကစ်အပွ ၂၅၀ ဂရမ်

ကော်ဖီခါးခါးပြင်းပြင်း ၂ ခွက်

Kahlua ခွက်တစ်ဝက်စာ (ကော်ဖီထဲထည့်ဖျော်တဲ့ မက္ကဆီကန် သကြားရည်တစ်မျိုး)

 ကြက်ဥ ၃ လုံး (သီးခြားစီ)

Mascarpone ခရမ် ( အီတလီမုန့်တွေလုပ်ရာမှာ သုံးတဲ့ခရင်မ်တစ်မျိုး) ၂၅၀ ဂရမ်

မုန့်လုပ်နို့ခရင်မ် ၂၅၀ ဂရမ်

ကိုကာမှုန့်

ပြုလုပ်ပုံ

 ကော်ဖီနဲ့ Kahlua ရည်တို့ကို သမအောင်မွှေပါ။

Mascarpone ခရင်မ် နဲ့ နို့ခရင်မ်တို့ကိုရောပြီး သတ္ထုဇွန်းတစ်ချောင်းထဲထည့်ကာ ခနဖယ်ထားပါ။

ကြက်ဥတွေကို ခွဲပါ။ ကြက်ဥအနှစ်တွေနဲ့ သကြားကို ပုဂံလုံးကြီးကြီးတစ်ခုထဲထည့်ပြီး အချိန်ကြာကြာ ခလောက်ပါ။

ခရင်မ်တွေထည့်ထားတဲ့သတ္ထုဇွန်းကိုယူပြီး ခေါက်ထားတဲကြက်ဥနှစ်ထဲကို ငြင်သာစွာမွှေပါ။

 ကြက်ဥအကာတွေကို ဇလုံထဲထည့်ပြီး ခလောက်ပါ။ ခရင်မ်တွေနဲ့သမသွားအောင် ငြင်ငြင်သာသာမွှေပေးပါ။

ဘီစကစ်တွေကို တစ်ခုချင်းစီ ကော်ဖီထဲထဲနှစ်ပါ။ ပြီးရင်ပြန်ဆယ်ပြီး ဖန်ဇလုံခပ်နက်နက်တစ်ခုတည်းကို ဘီစကစ်ချောင်းလေးတွေစီထည့်ပါ။

အပေါ်ကနေကြက်ဥအကာခရင်မ်နဲ့ ကြက်ဥအနှစ်ခရင်မ်တို့ကို တစ်ထပ်စီ အပေါ်က အုပ်ပါ။

အဲဒီနောက် ဘီစကစ်ချောင်းကိုအပေါ်ကနေတစ်ထပ်ထပ်အုပ်ပါ။ ခရင်မ်တွေကို တစ်ထပ်ထပ်ထည့်ပါ။

ဒီလို အလွှာလိုက်ထပ်ပြီးပြီဆိုရင်တော့ အပေါ်ကနေ ပလစ်စတစ်နဲ့အုပ်ပြီး ရေခဲသေတ္တာထဲကို ထည့်ရတော့မှာပါ။

ရေခဲသေတ္တာထဲမှာတစ်ရက်လောက်ထားပေးနိုင်ရင် အကောင်းဆုံးဖြစ်ပြီး အနည်းဆုံး ၄ နာရီလောက်တော့ ထားပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Jacob's Creek ရှီရက်ဇ်စပျစ်ဝိုင်နီနဲ့လိုက်ဖက်လှတဲ့ အီတလီအချိုပွဲ တီရာမိဆုကိုရရှိပြီပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ