AD
AD
AD
play

 

Nestle ရဲ့အရည်အသွေးမြင့်ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ Lactogen 3 ကနေပြီး မိဘမဲ့ကလေးငယ်တွေ အပါအဝင် ကလေးအားလုံးအတွက် အကြီးကျယ်ဆုံးနဲ့ပျော်စရာအကောင်းဆုံး မွေးနေ့ပွဲကြီးကို ဒီဇင်ဘာလ၊ ၃ ရက်နေ့က ကျင်းပပေးခဲ့ပါတယ်။

Lactogen 3 ဟာ Grow Happy ခရီးစဉ်အဖြစ် ရန်ကုန်၊မန္တလေး၊ မကွေး၊ပြည်၊တောင်ကြီး၊ နေပြည်တော် နဲ့ မော်လမြိုင် စတဲ့မြို့ကြီး ၇ မြို့ကို ရွေ့လျားကစားကွင်းကြီးနဲ့အတူသွားရောက်ခဲ့ပါတယ်။

Grow Happy ခရီးစဉ်အတွင်း Lactogen 3 ရောင်းရငွေတွေအားလုံးနဲ့ အဲဒီမြို့ကြီး ၇ မြို့က မိဘမဲ့ကျောင်းတွေမှာ မွေးနေ့ပွဲနဲ့ အလှူအတန်းတွေကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

play

 

တစ်ပြိုင်နက်တည်းမှာပဲ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာလည်း ကလေးတွေအားလုံးအတွက် အကြီးကျယ်ဆုံးနဲ့ ပျော်စရာအကောင်းဆုံးမွေးနေ့ပွဲကြီးကို ကျင်းပပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။

အဲဒီမွေးနေ့ပွဲကြီးကို နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ မယ်လိုဒီ၊ မိုးပြည့်ပြည့်မောင်၊ မျိုးစန္ဒီကျော်တို့နဲ့အတူ ဂျက်စီကာမျိုးဇက် (A Cool Mom) နဲ့ မသန္တာမျိုး (တုနှိုင်းမဲ့ရတနာလေးများ Group Admin ) တို့က လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး အစီအစဉ်တင်ဆက်သူတွေအနေနဲ့ ကောင်းထက်ဇော် နဲ့ Miss Universe Pyay 2016 အိအိငြိမ်းတို့က ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါ့အပြင် မွေးနေ့ပွဲကြီးအတွင်းမှာ နာမည်ကျော်စားဖိုမှူး ဟိုရေ့စ် ရဲ့ အလျား ၆ ပေ၊ အနံ ၆ ပေရှိတဲ့ မွေးနေ့ကိတ်ကြီးကို မွေးနေ့ပွဲတက်ရောက်လာတဲ့ ဖေဖေ၊မေမေ သားသား၊မီးမီးတွေအားလုံးက Happy Birthday သီချင်းသံပြိုင်သီဆိုကာ မွေးနေ့ကိတ်ခွဲပြီး ပျော်ပျော်ပါးပါးဝေမျှစားခဲ့ကြပါသေးတယ်။

play

 

Lactogen 3 ရဲ့ဒီမွေးနေ့ပွဲကြီးကို ဖေဖေ၊မေမေ နဲ့ သားသား၊မီးမီး ထောင်နဲ့ချီတက်ရောက်ခဲ့ကာ Zumba ဆရာမ မယွန်းလီ ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့အတူ Zumba အကအတူတူကပြီး အောင်မြင်စွာအဆုံးသတ်ခဲ့ပါတယ်။

Myanmar Distribution Group(MDG) ကဖြန့်ချီတဲ့ အရည်အသွေးမြင့် Nestle ထုတ်ကုန်တစ်ခုဖြစ်တဲ့ Lactogen 3 ဟာ အသက် ၂ နှစ်နဲ့အထက်ကလေးငယ်တွေ ကျန်းကျန်းမာမာနဲ့ကြီးထွားဖွံ့ဖြိုးဖို့ ကောင်းကောင်းကူညီထောက်ပံ့ပေးနိုင်တဲ့ ဖွံ့ဖြိုးစကလေးနို့မှုန့်တစ်မျိုးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD