AD
AD
AD

play

 

Nestle ရဲ့အရည်အသွေးမြင့်ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ Lactogen 3 ကနေပြီး Grow Happy ခရီးစဉ်ဆိုတဲ့အမည်နဲ့ မြန်မာနိုင်ငံရဲ့ မြို့ကြီး ၇ မြို့မှာ ကလေးတွေနဲ့မိဘတွေအတွက် ပျော်ရွှင်စရာထူးခြားတဲ့အစီအစဉ်တွေကျင်းပပြုလုပ်သွား မယ်လို့ သိရပါတယ်။

Lactogen 3 ရဲ့ Grow Happy ခရီးစဉ်အကြောင်းကို စက်တင်ဘာလ၊ ၂၆ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ မိတ်ဆက်ပွဲကျင်းပခဲ့ပြီး အနပညာရှင်မိခင်တွေ ဖြစ်ကြတဲ့ မယ်လိုဒီ ၊ မျိုးစန္ဓီကျော် ၊ မိုးပြည့်ပြည့်မောင် တို့နဲ့အတူ နာမည်ကျော် mommy bloggers တွေဖြစ်တဲ့ ဂျက်ဆီကာမိုးဇက် ၊ သန္ထာမျိုး တို့လည်းတက်ရောက်ခဲ့ပါတယ်။

Lactogen 3 အကြောင်းကို မြန်မာနိုင်ငံတဝမ်းပိုမိုသိရှိစေဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ Grow Happy ခရီးစဉ်ကို အောက်တိုဘာလ၊ ၇ ရက်နေ့မှာစတင်မှာဖြစ်ပြီး မကွေး၊ပြည်၊ရန်ကုန်၊တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိင် ဆိုတဲ့ မြို့ကြီး ၇ မြို့ကိုသွားရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ ကလေးတွေအတွက် မြန်မာနိင်ငံရဲ့ ပထမဆုံး ရွေ့လျားကစားကွင်း တစ်ခုပါဝင်မယ့်အပြင် မိဘတွေ ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲနိုင်မယ့်အစီအစဉ်တွေ ၊ အချက်အပြုတ်သင်တန်း ၊ Zumba သင်တန်း ၊ ပန်းအလှပြင်သင်တန်း တို့သာမက ဆရာဝန်နဲ့အခမဲ့တိုင်ပင်ဆွေးနွေးခွင့်ရမယ့် အစီအစဉ်တွေလည်းပါဝင်ဦးမှာပါ။

play

 

Grow Happy ခရီးစဉ်ရဲ့ အဆုံးမှာမြန်မာနိင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး ပျော်ရွင်ဖွယ်မွေးနေ့ပွဲကြီးကို ဒီဇင်ဘာ (၃) ရက်နေ့မှာ အဆိုပါမြို့ကြီး(၇)မြို့ရဲ့ရွေးချယ်ထားတဲ့ ပရဟိတမိဘမဲ့ ကလေးကျောင်းတွေနဲ့အတူ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ မွေးနေ့ပွဲနေ့မှာ အနုပညာရှင်တွေရဲ့ဖျော်ဖြေမှုတွေ၊ မိသားစုတွေအတွက် ထူးခြားတဲ့အစီအစဉ်တွေနဲ့ အခြားရင်ခုန်ပျော်ရွင်ဖွယ်ရာအစီအစဉ်တွေအများကြီး ပါဝင်ဦးမယ်လို့လည်း သိရပါတယ်။

 

 

Myanmar Distribution Group(MDG) ကဖြန့်ချီတဲ့ အရည်အသွေးမြင့် Nestle ထုတ်ကုန်တစ်ခုဖြစ်တဲ့ Lactogen 3 ဟာ အသက် ၂ နှစ်နဲ့အထက်ကလေးငယ်တွေ ကျန်းကျန်းမာမာနဲ့ကြီးထွားဖွံ့ဖြိုးဖို့ ကောင်းကောင်းကူညီထောက်ပံ့ပေးနိုင်တဲ့ ဖွံ့ဖြိုးစကလေးနို့မှုန့်တစ်မျိုးဖြစ်ပါတယ်။ ကလေးတွေလေထိုးလေအောင့်ခြင်းကြောင့်နာကျင်စွာငိုကျွေးရတဲ့ အချိန်ကို သိသိသာသာ လျော့ကျစေနိင်ပြီး ၀မ်းချုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ရောဂါလက္ဓဏာတွေကိုသက်သာပျောက်ကင်းစေတဲ့ ခန္ဓာကိုယ်အကျိုးပြု ပရိုဘိုင်အိုတက် လယ်ကော်ဖော့တစ်ပါဝင်တဲ့ ဈေးကွက်ထဲရှိ တစ်ခုတည်းသော ဖွံ့ဖြိုးစကလေး နိ့မှုန့်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် LACTOGEN 3 မှာကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိက အာဟာရဓါတ်တစ်ခုဖြစ်တဲ့ကယ်လ်ဆီယမ် နဲ့ ဦးနှောက်နှင့် ညဏ်ရည်ဖွံ့ဖြိုးမှုကို ကောင်းစွာ အထောက်အကူပြုပေးနိင်တဲ့ DHA တို့လည်းလုံလုံလောက်လောက်ပါဝင်ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

News


AD