News: နည်းပညာကြောင့်ပြောင်းလဲလာတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့မရှိမဖြစ် အရေးပါလာတဲ့ ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုတွေ

, updated

နည်းပညာရဲ့အစွမ်းကြောင့် ငွေကြေးအရင်းအနှီး အများကြီးရှိဖို့မလိုဘဲ စိတ်ကူးဥာဏ်နဲ့ ကျွမ်းကျင်မှုရှိရင် ကိုယ်ပိုင်စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင် မယ့်အခွင့်အလမ်းတွေ လူငယ်တွေကြားမှာအများကြီးပေါ်ပေါက်နေပါပြီ။

 

play

 

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ နည်းပညာဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ တိုးတက်ဖြစ်ထွန်းလာခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်မြန်ဆန်တဲ့နှုန်းနဲ့တိုးတက်လာနေတဲ့ နည်းပညာတွေကြောင့် လူတွေရဲ့ဆက်သွယ်ရေး နည်းလမ်းတွေ၊ လူနေမှုပုံစံတွေပြောင်းလဲလာသလို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေလည်း ကြီးကြီးမားမားပြောင်းလဲဖြစ်ပေါ်လာနေပါတယ်။

ဒီလိုနည်းပညာတိုးတက်ဖြစ်ထွန်းမှုတွေကြောင့် အရင်တုန်းက လူအားနဲ့လုပ်ခဲ့ရတဲ့ နေရာတွေမှာ စက်တွေ၊ ကွန်ပြူတာတွေက အစားထိုးဝင်ရောက်လာပြီး ပျောက်ကွယ်သွားတဲ့အလုပ်အကိုင်အမျိုးအစားတွေရှိလာသလို တစ်ဖက်မှာလည်း အရင်ကမရှိဖူး၊မကြားဖူးခဲ့တဲ့ အလုပ်အကိုင်အမျိုးအစားအသစ်တွေလည်း ပေါ်ပေါက်လို့ လာပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လူအားနဲ့လုပ်ခဲ့ရတဲ့နေရာတွေမှာ ကွန်ပြူတာပရိုဂရမ်တွေနဲ့မောင်းနှင်တဲ့ စက်ရုပ်လုပ်သားတွေက ဝင်ရောက်လာခဲ့ကာ မကြာသေးခင်နှစ်တွေမှာဆိုရင် စတော့ရှယ်ယာဈေးကွက်သတင်း နဲ့ မိုးလေဝသသတင်းလိုသတင်းမျိုးတွေကို လူသားသတင်းထောက်တွေအစား ကွန်ပြူတာပရိုဂရမ်တွေနဲ့ ရေးသားမှုမျိုးတွေတောင်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီဂျစ်တယ်မားကတ်တင်း၊ လူမှုကွန်ယက်ဆိုင်ရာကျွမ်းကျင်သူ၊ မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းရေးဆွဲသူတို့လို အရင်တုန်းကမရှိခဲ့၊ မတွင်ကျယ်ခဲ့တဲ့အလုပ်အကိုင်အခွင့်အလမ်း အသစ်တွေက ဖြစ်ထွန်းပေါ်ပေါက်လို့လာခဲ့ပါတယ်။ ဒါ့အပြင်နည်းပညာရဲ့အစွမ်းကြောင့် ငွေကြေးအရင်းအနှီး အများကြီးရှိဖို့မလိုဘဲ စိတ်ကူးဥာဏ်နဲ့ ကျွမ်းကျင်မှုရှိရင် ကိုယ်ပိုင်စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင် မယ့်အခွင့်အလမ်းတွေကလည်း လူငယ်တွေကြားမှာအများကြီးပေါ်ပေါက်လို့လာနေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့ခေတ်လူငယ်တွေအနေနဲ့ အသစ်ပေါ်ထွန်းလာနေတဲ့အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ဆိုရင် ဘွဲ့တွေ၊ဒီဂရီတွေအပြင် ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးတွေကို ပိုင်ဆိုင်ထားဖို့ အရေးတကြီးလိုအပ်နေပြီပဲ ဖြစ်ပါတယ်။ ဒီဂျစ်တယ်ဆိုင်ရာကျွမ်းကျင်မှုတွေဆိုတဲ့နေရာမှာ အရင်ခေတ်ကလို ကွန်ပြူတာအခြေခံသုံးတတ်ရုံ၊ အင်တာနက်၊အီးမေးလ်သုံးတတ်ရုံလောက်နဲ့တော့ မရတော့ပါဘူး။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ နည်းပညာတွေကို မျက်ခြေမပြတ်လေ့လာနေပြီး ဒီဂျစ်တယ်ပလက်ဖောင်းတွေကနေတဆင့် စီမံခန့်ခွဲမှုတွေ၊ ဈေးကွက်ချဲ့ထွင်မှုတွေ ၊ ရောင်းချမှုတွေ စတာတွေကို စာတွေ့တင်မက လက်တွေ့နားလည်သိရှိနေဖို့ပါ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

* ယခုဆောင်းပါးကို စင်္ကာပူမှာအခြေစိုက်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၅ နိုင်ငံမှာ ကျောင်းခွဲပေါင်း ၈ ကျောင်းထိ ဖွင့်လှစ်ထားတဲ့ Lithan Myanmar ကနေပံ့ပိုးကူညီထားတာဖြစ်ပါတယ်။

Lithan Myanmar မှာဆိုရင် ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာအဆင့်မြင့်ပညာတွေကို အာရှနိုင်ငံ ၅ နိုင်ငံရှိ ကျောင်းခွဲပေါင်း ၈ ကျောင်းမှာ ပညာနဲ့အလုပ်တပြိုင်နက်လေ့လာဆည်းပူးသွားနိုင်မယ့်အပြင် သင်ယူသူရဲ့ အခြေအနေအချိန်အခါအရ ကိုယ့်ရဲ့အတန်းချိန်နဲ့ သင်ခန်းစာတွေကို ကိုယ်တိုင်အချိန်ဇယားရေး ဆွဲသင်ယူနိုင်မယ့် Applied Learning Programmes လိုပြောင်းလဲနေတဲ့ခေတ်နဲ့လျော်ညီစွာ ထူးချွန်အောင်မြင် သူတွေကို မွေးထုတ်ပေးနိုင်မယ့် ထူးခြားတဲ့သင်ကြားမှုအစီအစဉ်တွေနဲ့ပို့ချပေးလျက်ရှိပါတယ်။

Lithan University ရဲ့ထူးခြားတဲ့သင်ကြားမှုနည်းလမ်းတွေအကြောင်းကို Lithan Myanmar ရဲ့ Facebook Page - https://www.facebook.com/lithanmyanmar/ မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး