play

 

တောင်သမန်အင်း အရှေ့ဘက်ခြမ်း တာပေါင်ရေကျော်ခဲ့ပြီး တာကျိုးမှာ စိုးရိမ်တာကြောင့် ရေတံခါး ဖွင့်ဖောက်ထုတ်ခဲ့ရာမှာ အင်းအရှေ့ဘက်ခြမ်းရှိ နံ့သာရပ်ကွက်မှ အိမ်ခြေ ၅၀၀ ကျော် ရေဘေးလွတ်ရာသို့ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

play

 

ရုတ်တရက် တာပေါင်ပွင့်ထွက်သွားမှာ စိုးရိမ်တဲ့အတွက် ရေတံခါးကနေ ဖွင့်ထုတ်လိုက်တာဖြစ်ပြီး အခုတော့ စိုးရိမ်ရတဲ့အနေအထား မရှိတော့ဘူးလို့  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှူး ဦးမျိုးအောင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တောင်သမန်အင်းရေဟာ တံတားထိလုနီးပါးဖြစ်နေပြီး အင်းအရှေ့ဘက်ခြမ်းတာပေါင်မှာ  ရေ ရှစ်လက်မခန့်အထိ မြင့်တက်နေကာ တောင်သမန်အင်း ကန်ပတ်လမ်းမှာလည်း လေးနေရာခန့် ရေကျော်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တောင်သမန်အင်းရေ မြင့်တက်တာကြောင့် ဦးပိန်တံတားကို ဖြတ်သန်းခွင့်ပိတ်ပင်ထားပါတယ်။

Source: 7Day Daily
Photos: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video