play

 

နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ရေဘေးသင့်ပြည်သူ ငါးသောင်းကျော်ထိရှိလာပြီ ဖြစ်ပါတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေမြင့်တက်ကာ နိုင်ငံတစ်ဝန်း ရေကြီးမှုတွေဖြစ်ပွားနေပြီး ဇူလိုင် ၃၁ ရက်က ရေဘေးသင့်လူဦးရေ ၃၅၀၀၀ ရှိခဲ့ရာက သြဂုတ် ၁ ရက်မှာ ၅၃၀၀၀ ထိ မြင့်တက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရေဘေးသင့်လူဦးရေဟာ မန္တလေးတိုင်းဒေသကြီးမှာ ၂၅၀၄၀၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၃၄၀၄ ၊ မကွေးတိုင်းဒေသကြီးမှာ ၁၂၀၄၂၊ ကချင်ပြည်နယ်မှာ ၁၉၀၇ နဲ့ ဧရာဝတီတိုင်းမှာ၃၉၁ ဦးတို့ ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ စာရင်းဟာ နေအိမ်စွန့်ခွာရသူတွေရဲ့ စာရင်းဖြစ်ပြီး နေအိမ်မှာပဲ ရေဘေးဒဏ်ခံနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်ဖြစ်ပေါ်နေပြီး မုတ်သုံလေအားကောင်းလာနေတယ်လို့ မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Source: 7Day Daily
Photos : Than Htay (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video