play

 

တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ တက္ကသိုလ်လေးခုက ကျောင်းသူ၊ ကျောင်းသား ၆၀၀ ကျော်ကို ဒီနှစ်ကစပြီး ပေါက်ဖော်ပညာသင်ဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသား ၂၀၀၊ အနောက်ပိုင်းတက္ကသိုလ်က ကျောင်းသား ၁၀၀၊ အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသား ၁၀၀ နဲ့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၂၀၀ ဦးကို ပညာသင်နှစ်တစ်နှစ်ပြီးဆုံးတဲ့အထိ ထောက်ပံ့ပေးသွားမယ်လို့ ဆင်းရဲသား လျှော့ချရေး အစီအစဉ် လုပ်ဆောင်နေတဲ့  China Foundation for Poverty Alleviation-CFPA ကပြောပါတယ်။

play

 

‘‘တစ်ဦးကို တစ်လ သုံးသောင်းကျပ်နဲ့ တစ်နှစ်ကို သုံးသိန်းထောက်ပံ့ပေးသွားမှာပါ။ အဓိက ကတော့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေထဲမှာ ငွေကြေး အခက်အခဲရှိနေတဲ့သူတွေနဲ့ မိဘမစုံတဲ့သူတွေကို ထောက်ပံ့ပေးတာဖြစ်ပါတယ်’’လို့ CFPA စီမံကိန်းအရာရှိ ဒေါ်လွင်ဖြိုးဦးက ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကို ပညာသင်ထောက်ပံ့စရိတ်ပေးတဲ့ ပေါက်ဖော်ပညာသင်ဆု အစီအစဉ်ကို ဒီနှစ်ကနေစပြီး ၂၀၁၉ ပညာသင်နှစ်အထိ ပံ့ပိုး ပေးသွားမယ်လို့ ဆိုပါတယ်။

Photos : theaustralian,GLNM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video