AD
AD
AD
play

 

စိုက်ပျိုးရေးအတွက် ဆည်မြောင်းတာတမံတွေက ရေရရှိမှုဟာ အာရှနိုင်ငံတွေမှာ မြန်မာက အနည်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

ဆည်မြောင်းတာတမံတွေက စိုက်ပျိုးရေရရှိမှုဟာ မြန်မာနိုင်ငံမှာ ၁၅ ရာခိုင် နှုန်းသာရှိတာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်စီးပွားရေး လေ့လာသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က ၃၀ ရာခိုင်နှုန်း၊  ဗီယက်နမ်က ၇၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ၅၀ ရာခိုင်နှုန်းရှိတယ်လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယခင်အစိုးရလက်ထက်က ဆည်ရေကို နွေစပါးအတွက် အသုံးပြုဖို့ ရည်ရွယ်ပေမဲ့ လူကြီးတွေ ဆည်ကိုလာကြည့်ရင် ဆည်ရေပြည့်နေဖို့ စပါးပင်တွေ ရေငတ်နေတာတောင် ဆည်ရေသုံးစွဲခွင့်မရှိဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောကြားထားကြောင်း သိရပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ ဆည်အသစ် တည်ဆောက်တာထက် ရှိပြီးသားဆည်တွေကို ပြုပြင်ထိန်းသိမ်းမယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD