play

 

တိုင်းပြည်အတွက် ဆိုးကျိုးပေးနေတဲ့ အဂတိလိုက်စားမှုတွေကို  ထိထိရောက်ရောက်အရှိန်အဟုန် မြှင့်ပြီး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့ အဆိုကို သြဂုတ် ၂ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ရာလွှတ်တော်က ဆွေးနွေးဖို့လက်ခံခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ လျော့ပါးရေးဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတဲ့အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူညီခဲ့တာပါ။

play

 

လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေနဲ့ အဂတိလိုက်စားမှုတွေက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အလွန်ကြောက်စရာကောင်းတဲ့ ရောဂါဆိုးသဖွယ်ဖြစ်ပေါ်နေပြီး နိုင်ငံတကာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကျင့်ပျက် ခြစားမှု၊ အဂတိလိုက်စားမှုတွေက အနှောင့်အယှက်၊ အဟန့်အတား ဖြစ်နေတယ်လို့ ဒေါက်တာသန်းဝင်းက အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်က  ကန့်ကွက်သူမရှိ လက်ခံဆွေးနွေးဖို့ အတည်ပြုထားတဲ့ ဒီအဆိုကို ဆွေးနွေးချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သြဂုတ် ၃ ရက် နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းကြဖို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို ပြောထားပါတယ်။

Source : 7DayDaily

Photos : Pyithuhlutaw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video