AD
AD
AD
play
ရန်ကုန်တိုင်းအတွင်း လုံခြုံရေးအတွက် ကင်းလှည့်နေသည့် မီးတန်းယာဉ်တစ်စီး။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခုနစ်လတာကာလအတွင်း အမှုကြီးဖြစ်ပွားမှု ၂၅၅ မှုရှိခဲ့ပြီး လူသတ်မှုနဲ့ မုဒိမ်းမှုတွေက ဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်လို့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ခုနစ်လအတွင်းဖြစ်ပွားခဲ့တဲ့ အမှုတွေမှာ လူသတ်မှု ၁၁၀ မှု၊ မုဒိမ်းမှု ၁၀၄ မှုနဲ့ လုယက်မှု ၃၃ မှုရှိခဲ့ပြီး ဖောက်ထွင်းမှု ငါးမှု၊ ဓားပြမှုတစ်မှု ဖြစ်ပွားခဲ့ကာ ဒီနေ့အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးတဲ့ အမှုတွေလည်းရှိနေသေးကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေကနေ သိရပါတယ်။

play

 

‘‘အမှုတွေက အရင်နှစ်က လောက်နီးပါးဖြစ်နေတယ်။ ဒီလ ပိုင်းအတွင်း မုဒိမ်းမှုတွေပိုဖြစ်လာ တာတွေ့ရတယ်။ လှည့်ကင်းတွေလည်း နေ့ညမပြတ်ပတ်နေပေမယ့် မှုခင်းတွေကတော့ ဖြစ်နေတယ်’’လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မှုခင်းဖြစ်ပွားတဲ့နှုန်း မြင့်တက်လာလို့ မြို့နယ်အချို့မှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ပြီး စောင့်ကြည့်နေပေမယ့်  ဖြစ်ပွားမှုနှုန်း အနည်းငယ်ပဲ ကျဆင်းခဲ့ကာလူသတ်မှုတွေကို အများအားဖြင့် ဖော်ထုတ်နိုင်ခဲ့တယ်လို့ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD