play

 

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဆီမီးဖိုင်နယ်အဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးအသင်းတို့ ပွဲစဉ်အပြီးမှာ ဆိုးသွမ်းပရိသတ်အချို့ရဲ့ ဖျက်ဆီးမှုတွေကြောင့် မန္တလာသီရိအားကစားကွင်းထဲက နေရာ ၂၄ နေရာမှာ ဖိုင်ဘာခုံအလုံးရေ ၄၃၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံဒါရိုက်တာ ဦးသန်းဝင်းက ပြောပါတယ်။

"ဖိုင်ဘာခုံ အလုံးရေ ၄၃၂ လုံးဖျက်ဆီးခံရတယ်။ ဒါ့အပြင် D-16 ၀င်ပေါက် ဂိတ်မှန်တံခါးကြီးကိုလည်း ရိုက်ခွဲသွားကြတယ်၊ ကာလပေါက်ဈေးဆိုရင်ငါးသိန်းလောက်ရှိတယ်။  ပြီးတော့ မီးသတ်ဘောက်စ်မှန်တွေကို ရိုက်ခွဲသွားတယ်။အိမ်သာထဲမှာလည်း ဘေစင်တွေကို ရိုက်ခွဲပြီး ရွံစရာကောင်းအောင် စည်းကမ်းမဲ့လုပ်ခဲ့ကြတယ်"လို့  ဦးသန်းဝင်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆုံရှုံးမှုတန်ဘိုးကို တွက်ချက်နေဆဲဖြစ်ပြီး ဒီဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မန္တလာသီရိဘောလုံးကွင်းမှာ ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ပြန်လည်ပြုပြင်ပေးရမယ့်အပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုကိုလည်း ခံရတော့မယ်လို့လည်း သိရပါတယ်။.

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video