AD
AD
AD
play
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပထမအကြိမ်တွေ့ဆုံစဉ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် သြဂုတ်လ တတိယပတ်အတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေသိရပါတယ်။

"အကြမ်းဖျဉ်းတော့ ဒီလလယ် ပေါ့နော်။ နည်းနည်းလေးအပြောင်း အလဲလေးတွေရှိနိုင်တယ်လို့ ပြော နေတာကတော့ ကြားပါတယ်ခင်ဗျ။ ဒီခရီးစဉ်ကို ကိုင်တွယ်တဲ့သူတွေကိုယ်တိုင်က ပြောနေတာပေါ့လေ။ လလယ် လို့တော့ပြောလို့ရပါတယ်။ သြဂုတ် ၁၇ ရက်ဝန်းကျင်လောက်ပါ"လို့  နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေးဝန်ကြီး တို့ ဇူလိုင် ၈ ရက်ကတွေ့ဆုံခဲ့စဉ်နဲ့ ဇူလိုင်လ ၂၃ ရက်က လာအိုနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာရှ-အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီ ၀မ်ရိက တရုတ်နိုင်ငံကိုလာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ဘူးပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြောက်ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီစတဲ့ နိုင်ငံအများအပြားကလည်း အလည် အပတ်လာရောက်ဖို့  ဖိတ်ကြားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

Source : Democracytoday

Photo : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD