play

 

အိုင်အက်စ်အဖွဲ့ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက်မှုကို မြန်မာမွတ်ဆလင်အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။

အိုက်အက်စ်တွေရဲ့ လုပ်ရပ်ဟာ အစ္စလာမ်ဘာသာနဲ့ လုံးဝ မသက်ဆိုင်ကြောင်း၊  မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေက လုံးဝလက်မခံကြောင်းနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပစ်မှတ်ထားတာကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၄ ရက်နေ့က ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

အိုင်အက်စ်တွေရဲ့ သတင်းကို အခြေခံပြီး ဘာသာလူမျိုးတွေကြား သံသယနဲ့ အမုန်းတရားတွေဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။  အစ္စလာမ်နဲ့ ဘယ်လိုမှမပတ်သက်ဘဲ တိုင်းရင်းသားမြန်မာနိုင်ငံသားတွေနဲ့လက်တွဲပြီး ကာကွယ်မှာ ဖြစ်တယ်လို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့က အစ္စလာမ်ဘာသာကိုယ်စားလှယ် ဟာဂျီဦးအေးလွင်က ပြောထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာလည်း ရေးသားထားပါတယ်။

Source: 7Day Daily
Photos: Myat Min Oo (facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video