AD
AD
AD
play

 

ရန်ကုန်မြို့ထဲမှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု နှစ်ရာကျော်မှာ တစ်ဝက်လောက်က ယာဉ်မဆင်မခြင် မောင်းနှင် တာကြောင့်ဖြစ်တယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲကနေ သိရပါတယ်။

"မြို့ပေါ်မှာ ၁၉၁ မှု ၊ ကျေးရွာမှာ ၂၇ မှု စုစုပေါင်း ၂၁၈ မှု ဖြစ်ပွားခဲ့ပြီးတော့ နေ့အချိန်မှာ ၁၁၇ မှု ညအချိန်မှာ ၁၀၁ မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ မူးယစ်မောင်းနှင်မှု ငါးမှု ၊ မဆင်မခြင်မောင်းနှင်မှု ၁၁၃ မှုတို့ ဖြစ်ပြီး တခြားအမှုအနည်းငယ်တို့ ပါဝင်ပါတယ်"လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲမှူးကြီးအောင်ကိုဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း ရန်ကုန်မြို့မှာ ယာဉ်တိုက်မှုပေါင်း ၂၁၈ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်မှု ၁၁၃ မှု၊ လမ်းသွားလမ်းလာပေါ့ဆမှု ၃၁ မှု၊ ယာဉ်မောင်းမကျွမ်းကျင် ၂၇ မှု၊ ခရီးသည်ပေါ့ဆမှု ၂၁ မှု၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားမလည်မှု ၂၀ မှု၊ မူးယစ်မောင်းနှင်မှု ငါး မှု၊ အချက်ပြမီးမလိုက်နာမှု တစ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၅၄ဦး၊ ဒဏ်ရာရသူစုစုပေါင်း ၂၇၄ဦးရှိပြီး  ကိုယ်ပိုင်ယာဉ် ၇၂ စီး၊ လိုင်းကား ၄၇ စီး၊ တက္ကစီ ၃၉ စီး ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေကြောင့် သိရပါတယ်။

Source : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD