AD
AD
AD
play

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို သွားရောက်မယ့် အိန္ဒိယနိုင်ငံ Naga Land က အထူးကုဆရာဝန်တွေ နယ်စပ်ဖြတ်ကျော်ခွင့် မရရှိသေးဘူးလို့ သိရပါတယ်။

“ဟိုဘက်က ထွက်လာပြီလို့တော့ ပြောတယ်။ တိုင်းဝန်ကြီးချုပ်ကိုလည်း ကျွန်တော်ပြောထားတယ်။ လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ပြီးတော့မှ ဂိတ်လေးတွေ ဖွင့်ပေးထားဖို့ ခေါ်တယ်ဆိုတာကလည်း ဟိုဘက်က ပိုနီးတယ်လေ။ ပြီးတော့ ဒီဘက်က သွားရလာရတာလည်း လဟယ်ကနေသွားဖို့တောင်အဝေးကြီး” ဟု နာဂအမျိုးသားရေးရာ ကောင်စီဥက္ကဋ္ဌ Athong Makury (အထောင်းမကူရီ) က ပြောပါတယ်။

play

 

အိန္ဒိယဘက်ခြမ်းက  နာဂဆရာဝန်များ၊ နာဂမိခင်များ အစည်းအရုံးနဲ့ နာဂလန်းပြည်နယ်အစိုးရတွေက အကူအညီပေးဖို့ အဆင်သင့်ရှိနေပြီး နယ်စပ်ဖြတ်ကျော်ခွင့်ရဖို့ပဲ လိုအပ်နေကာ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ဒေသတွေကို နာဂအထူးကု ဆရာဝန်ဦးရေ ၁၅ ဦးလောက်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နာဂဒေသမှာ ကူးစက်ရောဂါတစ်ခုကြောင့် ဒေသခံနှစ်ရာကျော် သုံးရာနီးပါး ကူးစက်ရောဂါတစ်ခု ခံစားနေရပြီး ဒီရောဂါနဲ့ သေဆုံးသူ သြဂုတ် ၄ ရက်အထိ ၃၅ ဦးရှိနေပြီး နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သြဂုတ် ၅ ရက်အထိ လဟယ်မြို့နဲ့ နန်ယွန်းမြို့နယ် နှစ်မြို့နယ်ပေါင်း သေဆုံးသူ ၃၈ ဦးရှိနေပြီလို့ နာဂဒေသခံတွေဆီကနေ သိရပါတယ်။

Source & Photos : TheLadies News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD