play

 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ အရေးကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ မဟာချိုင်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ AAC မဟာမိတ်အဖွဲ့တို့က တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးဖို့ ထိုင်းအလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ AAC မဟာမိတ်အဖွဲ့တို့က ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေရဲ့ ဖမ်းဆီးခံနေရတာတွေနဲ့  MoU လုပ်သားတွေ ဒုက္ခရောက်နေတဲ့အကြောင်းတွေကို  ရန်ကုန်မြို့မှာ သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး အခုလို ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တာပါ။

“ရန်ကုန်မှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့နေ့မှာပဲ ထိုင်းအလုပ်သမားဝန်ကြီးက ရန်ကုန်ရောက်နေတယ်။ ကျွန်တော်တို့ ပြောတာထက်ပိုပြီး ဒီဘက်က ထိုင်းဝန်ကြီးကို ပြောလိုက်တာလို့သိရတယ်။ ကျွန်တော်တို့ ရှင်းလင်းတာက အကျင့်ပျက်အေဂျင်စီအကြောင်းနဲ့ MoU စနစ်ကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်ရတဲ့အကြောင်း ရှင်းလင်းတာပါ”လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ထိုင်းနိုင်ငံမှာ ဒီအဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီးစစ်ဆေးတာတွေ မလုပ်သေးပေမယ့် ဖမ်းဆီးစစ်ဆေးခံဖို့ အဆင်သင့်စောင့်နေတယ်လို့ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video