AD
AD
AD
play

 

မြန်မာနိုင်ငံထဲက ရေဘေးသင့်ဒေသတွေက ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့အတွက် တစ်ရက်ကို ကျပ်သိန်း ၇၀၀ လောက် အသုံးပြုနေပြီး ရေကျသွားရင် ပြည်သူတွေလုပ်ငန်းခွင် ပြန်ဝင်နိုင်တဲ့အထိ ထောက်ပံ့သွားဖို့ ဘတ်ဂျက်ကလည်း အလုံလောက် ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောလိုက်ပါတယ်။

သဘာဝဘေးရန်ပုံငွေ ကျပ်၁၇ ဘီလီယံလောက် ကျန်သေးလို့ ရေကျသွားရင် ထူထူထောင်ထောင်ဖြစ်တဲ့ အခြေအနေအထိ လုံလုံလောက်လောက် ထောက်ပံ့သွားမယ်လို့  သြဂုတ် ၆ ရက်က ဟိုတယ်မန္တလေးမှာ ပြုလုပ်တဲ့ လူမှုကူညီရေးနဲ့ သဘာဝဘေး ကယ်ဆယ်ရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲမှာ  ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာပါ။

play

 

‘‘ရေကြီးရေလျှံမှာ အဓိကကူညီတာက စားနပ်ရိက္ခာပေါ့။ လူတစ်ဦးကို မနက်ည ဆန်နှစ်ဘူးနှုန်းနဲ့ ဟင်းအတွက် ငါးသေတ္တာတို့ ထောက်ပံ့တာ နေ့စဉ်သိန်း ၆၀၀ ကျော် ၇၀၀ လောက် ထောက်ပံ့ရပါတယ်။ ရေကျသွားပြီး ပြည်သူတွေလုပ်ငန်းခွင် ပြန်ဝင်နိုင်တဲ့အထိ ထောက်ပံ့သွားဖို့ ဘတ်ဂျက်ကလည်း အလုံလောက်ရှိနေပါတယ်’’လို့  ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အစိုးရအနေနဲ့ သဘာဝဘေးကယ်ဆယ်ရေးအတွက် ရန်ပုံငွေကျပ်ဘီလီယံ ၂၀ အသင့်လျာထားပြီး အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာတဲ့ ရေရှားပါးတာတွေအတွက် ကျပ် နှစ်ဘီလီယံလောက်နဲ့ ရေဘေးထောက်ပံ့မှုအတွက် ကျပ်တစ်ဘီလီယံလောက် အသုံးပြုထားလို့ ထောက်ပံတာတွေလုပ်ဖို့ ကျပ် ၁၇ ဘီလီယံလောက်ကျန်နေသေးတယ်လို့ ဆိုပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD