AD
AD
AD
play

 

အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ တာမွေမြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်က လဂွန်းအိမ်ရထားလမ်းခုံးကျော်တံတားပေါ်ကနေ ခုန်ချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 သြဂုတ် ၆ ရက် ည ခုနှစ်နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိသားစုကို မေးမြန်းရာမှာ ဘာပြဿနာမှာမရှိဘူးလို့ ပြောကြားထားပေမဲ့ ခုန်ချရတဲ့အကြောင်းအရင်းကို စစ်ဆေးနေတယ်လို့ တာမွေမြို့မရဲစခန်းက ပြောကြားထားပါတယ်။ အမျိုးသမီးဟာ လှိုင်မြို့နယ်အုတ်ကျင်းဘူတာရုံလမ်းမှာ နေထိုင်တာဖြစ်ပြီး ပေ ၃၀ အမြင့်ရှိတဲ့ ခုံးတံတားပေါ်ကနေ မင်္ဂလာဒုံဘက်ကို မောင်းနှင်လာတဲ့ မီးရထားစက်ခေါင်းပေါ် ခုန်ချခဲ့တာဖြစ်ပါတယ်။

 သေဆုံးသူဟာ မခုန်ချမီ ထီး၊ဖိနပ်နဲ့ အိတ်ကိုထားခဲ့တာကြောင့် ရထားလာတဲ့အချိန်နဲ့ကိုက်ပြီး ခုန်ချသေဆုံးတာဖြစ်နိုင်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

Source: 7Day Daily
Photos: Ko Nyein Chan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD