AD
AD
AD
play

 

လာမယ့်တစ်ရက်၊ နှစ်ရက်အတွင်း ဧရာဝတီတိုင်းက ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ရေတွေ ဖြည်းဖြည်းခြင်း ပြန်လည်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။  ဧရာဝတီမြစ်အပေါ်ပိုင်းမှာ ရေနည်းလာကာ မြစ်ဝကျွန်းပေါ်သို့ ရေတိုးဝင်လာနိုင်မှု လျော့ကျလာခြင်းနဲ့ ပင်လယ်ဒီ ရေကျချိန်ဖြစ်တာကြောင့် ဧရာဝတီ မြစ်ရေတွေ ပင်လယ်ဘက်ကို တိုးထွက်နေကာ တစ်ရက်၊ နှစ်ရက်အတွင်း ရေတွေ စတင်ကျဆင်းနိုင်တာဖြစ်တယ်လို့ မိုးဇလဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားထားကြောင်း  7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 ဒီရေတက်ရင် ရေကျတာ နှေးမှာဖြစ်ပြီး ဒီရေကျချိန်ဆို မြန်တာကြောင့်  ဒီရေအတက်အကျပေါ် မူတည်ပြီး စိုးရိမ်ရေမှတ်အောက် ရောက်သွားဖို့ ရက်နည်းနည်းကြာမယ်လို့လည်း ဦးကျော်မိုးဦးက ပြောကြားထားပါတယ်။  မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စိုးရိမ်ရေမှတ် အထက်ကို မြင့်တက်နေပြီး ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို  လေးပေခန့်ကျော်လွန်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD