AD
AD
AD
play

 

မန္တလေး မန္တလာသီရိကွင်းမှာ ကျင်းပမယ့် ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ကွင်းအတွင်း အရာဝတ္ထုတွေ ပစ်ပေါက်ရင် ချက်ချင်းဖမ်းဆီးမယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားပါတယ်။ ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁၀ ရက်နေ့မှာ ရန်ကုန်နဲ့ ရတနာပုံတို့ကစားကြမှာ ဖြစ်ပြီး အဆိုပါပွဲအတွက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

အရင်ပြီးခဲ့တဲ့ ဗီယက်နမ်ပွဲလို နှုတ်နဲ့တားနေမှာ မဟုတ်ကြောင်း၊ ချက်ချင်းဖမ်းဆီးမှာ ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူမှာဖြစ်ကြောင်းနဲ့ ၀င်ပေါက်တွေကိုလည်း  သေချာစစ်ဆေးမှာ ဖြစ်တယ်လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတုန်းက  အိမ်ရှင်မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပရိသတ်တွေက ကွင်းအတွင်းကို အရာဝတ္ထုတွေ ပစ်ပေါက်တာကြောင့် ပွဲကစားချိန် မိနစ် ၂၀ ကျော် ရပ်နားခဲ့ရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD