play

 

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်လုံး ဒီနေ့ဖြစ်လာနိုင်လို့ ရေဘေးရင်ဆိုင်နေရတဲ့ ဒေသတွေအပါအ၀င် ဒေသခြောက်ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့  မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ သြဂုတ် ၉ ရက် နေ့လယ်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ဒီနေ့မှာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့  မိုးဇလဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"မုန်တိုင်းငယ်ဖြစ်လာပြီး အိန္ဒိယကမ်းရိုးတန်းဘက်ကပ်နေပေမဲ့ အဲဒီအရှိန်ကြောင့် ရခိုင်နဲ့ချင်းပြည်နယ်မှာ မိုးကြီးနိုင်တယ်။ မြစ်ဝကျွန်းပေါ် ဘက်လည်း တိမ်စိုင်တစ်ခုရောက် နေလို့ ဧရာဝတီနဲ့ ရန်ကုန်တိုင်းမှာ နေရာကွက်မိုးကြီးနိုင်လို့ သတိပေးထားတယ်’’လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းငယ်ဖြစ်ပေါ်နေချိန်မှာ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : DHM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video