AD
AD
AD
play

 

မြန်မာနိုင်ငံတွင်းမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီမံခန့်ခွဲရေးဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသားအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနကို အမေရိကန်အစိုးရ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီကနေ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

"လတ်တလောဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် အသက်အိုးအိမ်ပစ္စည်းဆုံးရှုံးမှုများဖြစ်ပေါ်ရသည့် သတင်းများအတွက် အမေရိကန်သံရုံးအနေဖြင့် များစွာဝမ်းနည်းကြေကွဲ ဖြစ်ရပါသည်။ အသက်အိုးအိမ်ပစ္စည်းဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြမှုများ အတွက်လည်း ချီးကျူးပါကြောင်း မိမိတို့ပြောကြားလိုပါသည်"လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ဒါ့အပြင် လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက်လည်း နေပြည်တော်က အစိုးရအရေးပေါ်အခြေအနေ စီမံ ခန့်ခွဲမှု ဗဟိုဌာနနဲ့  အမေရိကန်သံရုံးက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Source : U.S. Embassy Rangoon

Photos : U.S. Embassy Rangoon, 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD