AD
AD
AD
play

 

သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာဈေးက ရန်ကုန်စတော့အိတ်ချိန်း သြဂုတ် ၁၀ ရက် မနက်အဖွင့်ဈေးမှာ ရှယ်ယာတစ်စုကို ကျပ် ၄၅,၀၀၀ အထိစံချိန်တင် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

‘‘အဓိကက ရှယ်ယာဝယ် ထားတဲ့သူတွေက ထုတ်မရောင်းချင်ဘူး။ သီလဝါကုမ္ပဏီရဲ့ အမြတ်ကို သဘောကျနေကြတယ်။ ဒါကြောင့် ဈေးကျပေမယ့် ရှယ်ယာရောင်းမယ့်သူ မရှိဘူးဖြစ်နေတယ်’’လို့  သီလဝါရှယ်ယာပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

play

 

သီလဝါအများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး ကျဆင်းခြင်းလာတဲ့အပြင် ရှယ်ယာအရောင်းအဝယ်လည်း ကျဆင်းလာပြီး သြဂုတ် ၄ ရက်မှာ သီလဝါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ ၁,၀၀၀ အောက်ပဲ အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သီလဝါအများပိုင်ကုမ္ပဏီမှာ အစုရှယ်ယာလေးသန်း ပတ်ဝန်းကျင်ရှိပြီး ကုမ္ပဏီစတင်တည်ထောင်ဖို့ ရှယ်ယာတွေ ရောင်းချချိန်က ကျပ် ၁၀,၀၀၀ နဲ့ ရောင်းချခဲ့တာဖြစ်ပြီး မေလ ၂၀ ရက်က ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာစတင်ရောင်းချခဲ့တဲ့အချိန်မှာ ရှယ်ယာတစ်စုကို ပေါက်ဈေး ကျပ် ၅၀,၀၀၀ ရှိခဲ့ပါတယ်။ 

Source : 7DayDaily

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD