AD
AD
AD
play

 

ရန်ကုန်မြို့ကို လျှပ်စစ်မီးအလုံအလောက်ပေးနိုင်ဖို့ ကျပ်ငွေ ၁၀၀ ဘီလီယံလောက်လိုအပ်နေပေမဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့အနေနဲ့တစ်နှစ်ကို ၂၀ ဘီလီယံလောက်ပဲ ၀င်ငွေရှိနေလို့ နွေရာသီမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိဖို့ အာမမခံနိုင်ဘူးလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) အထွေထွေမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

နေပြည်တော်ရှိ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ ဩဂုတ်လ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသန့်ဇင်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး ရန်ကုန်ကို မီးအပြည့်အ၀ ပေးနိုင်ဖို့  ပြီးပြည့်စုံအောင်လုပ်နိုင်တဲ့စွမ်းအား မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။

play

 

"အသုံးစရိတ်ဆိုတာ ခနခနပြောလို့ရှိရင် ပြည်သူတွေကလည်း သိပ်မကြိုက်ပါဘူး။ မကြိုက်ပေမဲ့လည်း ကျွန်တော်တို့ကလည်း ဒါပဲပြောရမှာပဲ။ ပိုက်ဆံမရှိဘဲနဲ့တော့ ဓာတ်အားခွဲရုံတွေ တိုးချဲ့တာ၊ ဓာတ်အားလိုင်းတွေတိုးချဲ့တာ လုပ်လို့မရပါဘူး"လို့ ဦးသန့်ဇင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

YESC အတွက်လိုအပ်တဲ့ အသုံးစရိတ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး တိုင်းအစိုးရကလည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်မံတင်ပြထားတယ်လို့ သိရပါတယ်။

Source : Mizzima

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD