AD
AD
AD
play

 

ခါကာဘိုရာဇီ ရေခဲတောင်မှာ ပျောက်ဆုံးခဲ့သူ တောင်တက်သမား ကိုအောင်မြင့်မြတ် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ရေဘေးသင့်ရန်ပုံငွေအဖြစ် ပြသမယ်လို့ သိရပါတယ်။

ကိုအောင်မြင့်မြတ် ၁၀နှစ်အတွင်း တက်ရောက်ခဲ့တဲ့ ရေခဲတောင်သဘာဝရှုခင်းဓာတ်ပုံတွေကို ပြသမှာဖြစ်ပြီး ရရှိတဲ့ ငွေကြေးနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။ ပြပွဲကို  စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ ဒဂုံစင်တာ ဒုတိယအလွှာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ခါကာဘိုရာဇီတောင်ကို အောင်မြင်စွာ တက်ရောက်ပြီးနောက်မှာ ကိုအောင်မြင့်မြတ်ဟာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အပျော်တမ်းဓာတ်ပုံဝါသနာရှင် တစ်ဦးလည်း ဖြစ်တဲ့ ကိုအောင်မြင့်မြတ်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာဓာတ်ပုံပြပွဲတစ်ခုမှာလည်း ဆုရရှိခဲ့ဖူးပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD