AD
AD
AD
play

 

မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်းမီးပွိုင့်အနီးက ဈေးဆိုင်ခန်း ၂၀ ပတ်ဝန်းကျင်ကို လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းတွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက ဖယ်ရှား ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

play

 

ဒီဆိုင်ခန်းတွေက လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပိုင်မြေမှာ နှစ် ၂ဝ လောက် မြေငှားပြီး တည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်ကတည်းက ရွှေ့ပြောင်းပေးဖို့ မကြာခဏသတိပေးခဲ့ဘူးပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြောင်းရွှေ့ကြဖို့ကို  နောက်ဆုံးအကြိမ် သတိပေးခဲ့ပြီးနောက်  အခုလို အင်အားသုံးဖယ်ရှားခဲ့တာပါ။

ဒီနေရာမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်ခန်းတွေကို ၀န်ကြီးဌာနက လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်ကတည်းက ဖယ်ရှားခိုင်းထား တယ်လို့ သိရပြီး ဆိုင်ခန်းခပေးပေမဲ့ လက်မခံတော့ဘဲ ရောင်းခွင့်ပြုထားပေမဲ့ ဆိုင်ခန်းလက်လွှဲ ငှားစားသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

play

 

အဆိုပါမြေက လူကယ်ပြန်ဌာနပိုင် မြေဖြစ်ပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်း ပုဒ်မ ၃ (၂) အရ  ဥပဒေနဲ့အညီ ဖယ်ရှားခဲ့တာလို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက မီဒီယာတွေကို ပြောပါတယ်။

Source & Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD