play

 

ရန်ကုန်မြို့မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကားအစီးရေက ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းအထိ အစီးရေ ငါးသိန်းကျော်ရှိပေမဲ့ ၂၀၁၆ ဇူလိုင်လကုန်မှာ ရှစ်သိန်းနီးပါးရှိလာတယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

play

 

၂၀၁၆ ဇူလိုင်လကုန်အထိ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်တွေမှာ လူစီးယာဉ် ၃၃၀,၀၀၀ ကျော်၊ ခရီးသည်တင် ယာဉ် ၁၅,၀၀၀ ကျော်၊ ကုန်တင် (၀န်ပေါ့) ၁၂၀,၀၀၀ ကျော်၊ ကုန်တင်(၀န်လေး) ၁၇,၀၀၀ ကျော်၊ အခြားယာဉ် ၂၉,၀၀၀ ကျော်၊ နှစ်ဘီးတပ်ယာဉ် ၂၅၀,၀၀၀ ကျော်၊ သုံးဘီးတပ်ယာဉ် ၄,၄၀၀ ကျော်၊ ထော်လာဂျီ ၃,၀၀၀ ကျော်နဲ့ ယန္တရား ၅၀၀ ကျော်တို့ ပါဝင်တယ်လို့ သိရပါတယ်။

play

 

ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်ထက် လူစီးယာဉ်အရေအတွက် ပိုမိုများပြားနေပြီး နောက်ပိုင်းမှာ လူစီးယာဉ်တွေ တင်သွင်းတာကို ထိန်းချုပ်ကန့်သတ်မယ့်အခြေနေရှိတယ်လို့ မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေက ခန့်မှန်းနေပါတယ်။

Source : 7DayDaily

Photos : Kyaw Zin Than(7DayDaily),MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video