play

 

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းပေးဖို့ နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

သြဂုတ် ၁၅ ရက်မှာပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက တင်သွင်းခဲ့တာကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဆိုကို လွှတ်တော်ကို တင်သွင်းပြီးနောက် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သဘောတူ၊ မတူကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို တောင်းခံခဲ့ရာမှာ သဘောမတူသူတွေရှိလို့ စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့တာတွေလုပ်ထားတာက မြန်မာနိုင်ငံအပေါ်လုပ်ထားတာမဟုတ်ဘဲ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးအတွက် တားဆီးခဲ့သူတွေအပေါ် တစ်ဦးချင်း ဒဏ်ခတ်ပိတ်ဆို့ထားတာဖြစ်လို့ အဆိုကို ကန့်ကွက်မဲပေးခဲ့ကြတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Source : 7DayDaily

Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video