play

 

လုပ်ငန်းဗီဇာနဲ့ လာရောက်တည်းခိုပြီး မာကျောက်လောင်းကစား ပြုလုပ်နေတဲ့ တရုတ်နိုင်ငံသားလေးဦးကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ မနက် ၁ နာရီလောက်မှာ လှိုင်သာယာမြို့(၆) ရပ်ကွက်၊ ပီမိုးနင်းလမ်း၊ အမှတ် ၁၈၁၅ ရှိ ကြာပန်းဟိုတယ်ကို ဝင်ရောက် ရှာဖွေခဲ့ရာမှာ ကြာပန်းဟိုတယ်မန်နေဂျာ အပါအ၀င် လုပ်ငန်းဗီဇာနဲ့ လာရောက်တည်းခိုနေကြတဲ့ တရုတ်နိုင်ငံသား လေးဦးတို့ကို မာကျောက်လောင်းကစားရာမှာ အသုံးပြုတဲ့ပစ္စည်းနဲ့ လောင်းကြေးငွေ ၁,၁၀၇,၂၅၀ ကျပ် ဖမ်းဆီးရမိခဲ့တာပါ။

ဟိုတယ်မန်နေဂျာနဲ့ တရုတ်နိုင်ငံသား လေးဦးကို လှိုင်သာယာမြို့မရဲစခန်းကနေ (ပ)၁၇၃၂/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Source & Photos : Ye Zarni Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video