AD
AD
AD
play
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းငယ်ကို တွေ့ရစဉ်။

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီနေ့မှာမုန်တိုင်းငယ်တစ်ခုဖြစ်လာလို့ ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

‘‘မုန်တိုင်းငယ်ရဲ့ရွေ့လျားမှုကို စောင့်ကြည့်နေတယ်။ အဲဒီအရှိန်ကြောင့် ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ နေရာကွက် မိုးကြီးနိုင်တယ်။ ရေဘေးက ဆက်သတိထားရမယ်’’လို့  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ မုန်တိုင်းငယ်ကို အ၀ါရောင်အဆင့်သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီကို လေတိုက်နှုန်း ၄၅ မိုင်လောက်ရှိတဲ့ လေပြင်းကျနိုင်သလို ရေဘေးရင်ဆိုင် နေရတဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာ မိုးကောင်းနိုင်လို့ ရေဘေးရင်ဆိုင်နေရတဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Source : 7DayDaily

Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD