play

 

ဂျပန်ယန်းငွေ တန်ဖိုး ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြားမြင့်တက်သွားလို့ ဂျပန်ကားလေလံ ဈေးနှုန်းတွေက ကျပ်ငါးသိန်း ကျော်မြင့်တက်လာတယ်လို့ မော်တော်ယာဉ်တင်သွင်းရောင်း ဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

‘‘ဂျပန်ယန်းငွေ  ဈေးကလည်းတက်ပြီး ငွေဈေးလည်းမာနေတော့ လေလံဈေးလည်း တက်လာတယ်။ လေလံမှာလည်း မြန် မာနိုင်ငံကို ကားတင်သွင်းမှုရာခိုင် နှုန်းအနည်းငယ်လျော့သွားတယ်’’လို့ ဝန်းရံခကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောပါတယ်။

play

 

ပြည်တွင်းကားဈေးကွက် ပုံမှန်ထက်အရောင်းအဝယ်အေးနေပြီး ကားဟောင်းစလစ်ဈေးတက်ပြီး အမေရိကန်ဒေါ်လာဈေးငြိမ်နေလို့ ကားဈေးနှုန်းတွေ ကျပ်ငါးသိန်းကနေ ဆယ်သိန်းခန့် ဈေးတက်နေတယ်လို့ ဆိုပါတယ်။

ကားဈေးနှုန်းတွေ တည်ငြိမ်မှုက အစိုးရ မူဝါဒတွေပေါ်မှာ မူတည်နေပြီး ယခုဈေးကွက်ပုံစံအတိုင်း ဆက်လက်သွားနေရင် ကားဈေးနှုန်းတွေ မကျနိုင်သေးဘူးလို့  မော်တော်ယာဉ် တင်သွင်းရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

Source : 7DayDaily

Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video