play

 

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးတက္ကသိုလ်၊ အားကစားခန်းမမှာ ဒီနေ့ကစပြီး လက်ခံနေတယ်လို့ သိရပါတယ်။

play

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေ သြဂုတ် ၁၈ ရက်ကနေ ၃၁ ရက်အထိ ပိတ်ရက်မရှိဘဲ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က ကြေညာထားပါတယ်။

play

 

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၁-၅၃၇၆၇၇ နဲ့ ဝ၁-၅၂၅၆၁၂ တို့မှာ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။

Source : 7DayDaily

Photos : Kyaw Zin Than (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video