play

 

လာမယ့်အောက်တိုဘာလမှာ စတင်မယ့် ရန်ကုန်ဘတ်စ်ကားအများပိုင် သယ်ယူပို့ဆောင်ရေးစနစ်မှာ ဘတ်စ်ကားအများပိုင်ကုမ္ပဏီတစ်ခုကို ယာဉ်အစီးရေ ၁၂၀ ထားရှိပြေးဆွဲရမှာဖြစ်ပြီး ပါဝင်ဖို့ လျောက်ထားတဲ့ ကုမ္ပဏီ ၁၀ ခုအထိရှိလာပြီလို့ သိရပါတယ်။

play

 

ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ဆောင်ရွက်ဖို့အတွက် ယာဉ်လမ်းကြောင်းတစ်ခုကို ယာဉ်လိုင်းတစ်ခုပဲ ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

ဒီလမ်းကြောင်းတွေမှာ ပြေးဆွဲမယ့် ဘတ်စ်ကားတွေအနေနဲ့ Brand New ကား(သို့မဟုတ်) ယာဉ်ကြံ့ခိုင်မှုကောင်းမွန်တဲ့ ကားတွေနဲ့ ပြေးဆွဲရမှာဖြစ်ပြီး ယာဉ်နဲ့ ပတ်သက်တဲ့လုံခြုံမှုအတွက် အာမခံနိုင်ရမယ့်အပြင် လေအေးပေးစက် (Aircon) ဖွင့်ပြီးမောင်းနှင်ဖို့ သတ်မှတ်ထားပါတယ်။

play

 

ရန်ကုန် ဘတ်စ်ကားအများပိုင် သယ်ယူပို့ဆောင်ရေးစနစ်မှာ အများပိုင်ကုမ္ပဏီ ငါးခုအထိထားရှိမှာဖြစ်ပြီး ကုမ္ပဏီယာဉ်တွေက မြို့ရဲ့အဓိကကျတဲ့ လမ်းမကြီး ၂၀ မှာ ပြေးဆွဲခွင့်ရမှာဖြစ်ကာ အများပိုင်ကုမ္ပဏီမှာမပါတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကတော့ ကျန်တဲ့လမ်းကြောင်းတွေမှာပဲ ပြေးဆွဲခွင့်ရှိမယ်လို့ သိရပါတယ်။

Source : Automobile

Photos : Touryangon,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video