AD
AD
AD
play


တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံဝန်ကြီးချုပ် လီကီချန်းက ဒီနေ့ညနေမှာ ပေကျင်းမြို့ Great Hall ခန်းမမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

play


ကြိုဆိုတဲ့အခမ်းအနားအပြီးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီး တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာရောက်လည်ပတ်မှုက တရုတ်-မြန်မာဆက်ဆံရေးတိုးတက်ဖို့ တွန်းအားသစ်တွေဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်မြန်မာဆက်ဆံရေးဟာ ပိုမိုခိုင်မာတိုးတက်နိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

play


ဒါ့အပြင်နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေအတွက် သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပြီး နှစ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသ ကွမ်လုံမှာ တံတားတစ်စင်းတည်ဆောက်ဖို့နဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံ နှစ်ရုံ တည်ဆောက်မယ့် ကိစ္စတွေပါဝင်တယ်လို့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Source : DVB
Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD