play

 

အခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူတွေဟာ ရဲစခန်း၊ ရပ်ကွက်နဲ့ ကျန်းမာရေးထောက်ခံစာတွေ မလိုတော့ဘဲ ဝင်ခွင့်လျှောက်လွှာပုံစံနဲ့ပဲ လျှောက်ထားရတော့မှာဖြစ်ပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာနကနေ ထုတ်ပေးတဲ့ ၀င်ခွင့်လျှောက်လွှာပုံစံအိတ်အတိုင်းပဲ ပြန်တင်ရမှာဖြစ်ပြီး ကျောင်းက လိုအပ်တဲ့ အမှတ်စာရင်းနဲ့ CPR ကိုပဲ တောင်းတာဖြစ်တယ်လို့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံနေတဲ့ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ကျောင်းသားရေးရာဌာနမှ ဒေါ်မြင့်မြင့်စိန်က ပြောထားပါတယ်။

 ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးတက္ကသိုလ်၊ အားကစားခန်းမမှာ မနေ့ကစပြီး လက်ခံနေတယ်လို့ သိရပါတယ်။ ၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတွေကို သြဂုတ် ၁၈ ရက်ကနေ ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါတယ်။

Source & Photos: 7Day Daily,  ကျော်ဇင်သန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video