AD
AD
AD
play

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ငွေကြေးခ၀ါချမှု ၂၉ မှုကိုဖော်ထုတ်အရေးယူခဲ့ပြီး ဆက်လက်စုံစမ်းဖော်ထုတ်ဖို့  ၁၀မှု ကျန်ရှိနေသေးတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

‘‘ဒီလိုဆောင်ရွက်ခဲ့လို့ ငွေကြေးစီးဆင်းမှုမှန်ကန်မျှတခြင်း၊ ဆုံးရှုံးသွားတဲ့ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိတဲ့ အကျိုးအမြတ် တွေရရှိခဲ့ပါတယ်"လို့ သြဂုတ် ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရသစ်ရက် တစ်ရာသတင်းစာရှင်းလင်းပွဲမှာ ဦးတင်မြင့်က ပြောပါတယ်။

play

 

ဗဟိုဘဏ်က စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားတဲ့ ငွေကြေးခ၀ါချမှု ၃၉ မှုက ၂၉ မှုကို စုံစမ်းဖော်ထုတ် တရားစွဲဆိုနေတယ်လို့ ဦးတင်မြင့်ကပြောခဲ့ပြီး  ငွေကြေးခ၀ါချမှုတွေအတွက် စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခဲ့သူတွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဗဟိုဘဏ်က စစ်ဆေးပေးဖို့ အကြောင်းတာကြောင့် အသစ်ဖွင့်လှစ်တဲ့ဘဏ်တွေမှာ ကျပ်သိန်း ၁,၀၀၀ နဲ့ အထက် ရှယ်ယာထည့်ဝင် သူတွေကို စိစစ်ခဲ့ပြီး ၂၉ မှု စစ်ဆေးပြီးချိန်မှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ခ၀ါချမှု၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သည့်ခ၀ါချမှုတွေ အများဆုံးပါဝင်တယ်လို့  အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။

Source : 7DayDaily

Photos : MBT,Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD