play

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာက ရေဘေးရှောင်ပြည်သူတွေကို တွေ့ဆုံဖို့နဲ့ ထောက်ပံ့ပစ္စည်းတွေပေးအပ်ဖို့ လှေတွေနဲ့ ဒီနေ့မနက်ပိုင်းက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

play

 

နိုင်ငံတော်သမ္မတနဲ့ အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီအပါအ၀င် တာဝန်ရှိသူတွေက အသက်ကယ်လှေလေးစီးနဲ့ အတူ အင်းရဲကျွန်းရွာကို သွားရောက်ခဲ့တာပါ။

play

ဒီနေ့မနက်ပိုင်းကလည်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ရေကြီးရေလျှံတာတွေကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်က ရေဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါသေးတယ်။

play

 

သမ္မတဦးထင်ကျော်ရဲ့ ဧရာဝတီတိုင်းဒေသကြီးကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်မှာ ရေဘေးရင်ဆိုင်နေရတဲ့ ပုသိမ်၊ သာပေါင်း၊ ကျုံပျော်၊ ကန်ကြီးထောင့်၊ ဒါးကနဲ့  ငါးသိုင်းချောင်းမြို့တွေကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos : mahnjohny Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video