play

 

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ်ထဲက ကျူးကျော်ကွက်သစ်ထဲမှာနေထိုင်တဲ့ အငြိမ်းစား ရဲအရာရှိတစ်ဦးနဲ့ မိသားစုဝင်လေးဦးကို သတ်ဖြတ်မှုတစ်ခု ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေက အသက် ၃၇ နှစ်အရွယ် ဦးစိုးနောင်(အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲခွဲမှ ဒုရဲအုပ်အဆင့်ဖြင့် နှုတ်ထွက်ထား)နဲ့ ဇနီးဖြစ်သူ မချယ်ရီပွင့် အပါအ၀င် အဋ္ဌမတန်းနဲ့ တတိယတန်းတက်နေတဲ့ သားနှစ်ဦးတို့ပါဝင်တယ်လို့ ထောက်ကြန့်မြို့မ ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြေပါတယ်။

လက်ရှိအချိန်မှာတော့ အသတ်ခံရတဲ့ အကြောင်းရင်နဲ့ အချိန်ကို အတိအကျမသိရသေးဘဲ သက်ဆိုင်ရာ ရဲအရာရှိတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7Daydaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video