AD
AD
AD
play

 

လေးလောင်းပြိုင်လူသတ်မှုမှာ သေဆုံးသူ မချယ်ရီပွင့်ရိုက်ခဲ့တဲ့ ဓာတ်ပုံဆိုပြီး လူမှုကွန်ယက်ပေါ် ပြန့်နှံ့နေတဲ့ ဓာတ်ပုံကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထောက်ကြန့်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားထားပါတယ်။

 ဓာတ်ပုံနဲ့ပက်သက်ပြီး အတည်ပြုပြောလို့မရသေးကြောင်း၊ သက်သေပစ္စည်းတွေထဲက တစ်ခုဖြစ်ပြီး ပုံထဲမှာ ပါနေသူတွေကိုတော့ စစ်ဆေးနေတယ်လို့ နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အဆိုပါဓာတ်ပုံဟာ အမှုမဖြစ်မီ သေဆုံးသူတွေရဲ့ နေအိမ်နားကို ရောက်လာသူ သုံးဦးဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတာဖြစ်ပြီး ဓာတ်ပုံထဲကနှစ်ယောက်ဟာ လူသတ်မှုမဖြစ်ခင် တစ်ပတ်အတွင်း နှစ်ခေါက်လောက် လာဖူးတယ်လို့ သေဆုံးသူမချယ်ရီပွင့်ရဲ့မိခင် ဒေါ်ရီရီနွဲ့က ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။ 

နေအိမ်တွင်းမှာ အသုံးပြုနေတဲ့ ဖုန်းငါးလုံးကို ရဲတပ်ဖွဲ့က သိမ်းဆည်းစစ်ဆေးနေပြီး မချယ်ရီပွင့်ကိုင်ဆောင်ထားတဲ့ဖုန်းမှာ နေအိမ်အနီးလာတဲ့လူတွေကို ဓာတ်ပုံရိုက်ထားတယ်လို့လည်း ဒေါ်ရီရီနွဲ့က ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD