play

 

မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဆွီဒင်ဖက်ရှင်ကုမ္ပဏီ H&M ရဲ့စက်ရုံတွေမှာ အသက် (၁၄)နှစ်အရွယ်ရှိတဲ့ အလုပ်သမားတွေကို တစ်နေ့ ၁၂ နာရီကျော်အောင် အလုပ်လုပ်ခိုင်းနေတယ်လို့ ဆွီဒင်နိုင်ငံမှာ ရက်ပိုင်းအတွင်းထုတ်ဝေတော့မယ့် စာအုပ်တစ်အုပ်မှာ ရေးသားထားတာကို 7Day သတင်းစာက ရေးသားဖော်ပြထားပါတယ်။

စာရေးဆရာတွေဖြစ်တဲ့ မိုရာကန်စထရန်နဲ့ တိုဘီယပ်စ်အန်ဒါဆန်အကာဘလွန်တို့က မြန်မာအလုပ်သမားဥပဒေနဲ့ နိုင်ငံတကာ အလုပ်သမား ဥပဒေတွေကို ချိုးဖောက်ပြီး ည ၁၀ နာရီအထိ အလုပ်စေခိုင်းခံနေရတဲ့ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ အခုလိုစာအုပ်ရေးသား ထုတ်ဝေဖို့ စီစဉ်ခဲ့တာပါ။

play

 

ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်နှစ်ခုမှာ ဖွင့်လှစ်ထားတဲ့ Myanmar Century Liaoyuan Knitted Wear နဲ့ Myanmar Garment Wedge စက်ရုံနှစ်ရုံမှာ အချိန်ပို အလုပ်လုပ်နေကြတဲ့ အလုပ်သမားမိန်းကလေးတွေအတွက် အလုပ်သမားတွေရဲ့ ကတ်ပြားနဲ့ အချိန်ပို အလုပ်ဆင်းခိုင်းတာကို အရေးယူဆောင်ရွက်နေတယ်လို့ H&M က ဖြေရှင်းထားပါတယ်။

ဆယ်ကျော်သက်အရွယ်တွေကို အချိန်ပိုကြာမြင့်အောင်လုပ်ခိုင်းခဲ့တာက နိုင်ငံတကာစံနှုန်းသတ် မှတ်ချက်တွေနဲ့  ပြည်တွင်းအလုပ်သမား ဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး မြန်မာနိုင်ငံထဲက စက်ရုံတွေကို အရေးယူဖို့ ဆောင်ရွက်နေပြီလို့ H&M က ကြေညာထားပါတယ်။

Source : 7DayDaily

Photos : qz,dailysabah

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video