AD
AD
AD
play

 

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအသစ်အဖြစ် အရင်အစိုးရအဖွဲ့မှာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန်းဌေးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

play

 

ပါတီရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း အတွင်းရေးမှူးတွေအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဦးကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီနေ့ကျင်းပခဲ့တဲ့  ဒုတိယအကြိမ်ပါတီညီလာခံမှာ ပြင်ဆင် ဖွဲ့စည်းလိုက်တာပါ။

ဒါ့အပြင် ဦးခင်ရီက စည်းကမ်းထိမ်းရေးကော်မတီ၊ ဦးစိုးနိုင်ကို လုပ်ငန်းစစ်နဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ပါတီဥက္ကဌအသီးသီးကို မျက်နှာသစ် ပါတီဝင်တွေနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos :  U Ohn Myint Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD