AD
AD
AD
play

 

မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို လမ်းကြောင်းမလွဲအောင်စောင့်ကြည့်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ တရားဥပဒေစိုးမိုးမှုကို ပထမဆုံးစိန်ခေါ်မှုဖြစ်တဲ့ လေးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်က ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို စိန်ခေါ်သလို ဖြစ်နေပြီး ရဲလုပ်ငန်းစဉ်နဲ့ ဒီအမှုကိစ္စကို လမ်းလွဲတာမျိုး မဖြစ်အောင်လေ့လာစောင့်ကြည့်တာလို့ ဆိုပါတယ်။

play

 

‘‘ဒီကိစ္စက အစိုးရသစ်လက်ထက်မှာ ပထမဆုံးဖြစ်သွားတာပေါ့။ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို စိန်ခေါ်သလိုဖြစ်နေတယ်။ လွှတ်တော်က အထူးစိတ် ၀င်စားနေတယ်။ စိတ်လည်းမကောင်းဘူး’’လို့ ဦးမြင့်လွင်က ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာနေတဲ့ အငြိမ်းစားရဲအရာရှိနဲ့ မိသားစုဝင်လေးဦးတို့က သြဂုတ် ၂၀ ရက် အစောပိုင်းက ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD