AD
AD
AD
play

 

အစိုးရသစ်ရဲ့ ပထမဆုံးဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ငွေထဲကနေ ငွေကျပ်ဘီလီယံ ၄၇၀ လောက် လျှော့ချ ဖြတ်တောက် ဖို့အတွက်  သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ဘတ်ဂျက်အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၂၀,၀၀၀ ကျော်ကနေ ကျပ် ဘီလီယံ ၄၇၀ ခန့်ကို ပြည်ထောင်စုလွှတ်တော်က လျှော့ချ ဖြတ်တောက်ကာ အတည်ပြုခဲ့တာလို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

ဘတ်ဂျက်လျှော့ချ ဖြတ်တောက်ရာမှာ လွှတ်တော်က ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဘတ်ဂျတ်ဖြတ်တောက်တာတွေ မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။

စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကို ကျပ်ဘီလီယံ ၁၀၀ ခန့် ဖြတ်တောက်လျှော့ချခံရပြီး ဘတ်ဂျတ် အများဆုံးလျှော့ချဖြတ် တောက်ခံရတဲ့ ၀န်ကြီးဌာနတွေဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD